Wire

Applicationလုံခြုံရေး ( နှစ်ခွက် )

Wire

Wire သည် messenger, voice, video, conference calls, file-sharing, and external collaboration တွေအတွက် လုံခြုံစိတ်ချရသော ပလက်ဖောင်းဖြစ်သည်။ မိမိတို့၏ စာ၊ ဖုန်း ခေါ်ဆိုခြင်းများကို end-to-end encryption ကိုအသုံးပြုပြီး ကာကွယ်ပေးထားသောအရာ ဖြစ်သည်။ သူသည် Android သာမက iOs ပါ အသုံးပြု ၍ရသည်။ Wire သည် သင်၏စာများနှင့် group conversations များကိုလုံခြုံမှုရှိစွာ Communicate လုပ်ပေးနိုင်သော application ဖြစ်သည်။ files, documents, links စတာတွေကိုလည်း ဝေမျှလို့ရပါသည်။ group video call များလည်း Wire တွင်လုပ်ဆောင်နိုင်ပါသည်။ ဖုန်းထဲမှာသာမက laptop တွင်လည်း တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည်။ မိမိစကားပြောခန်းအား timer set up လုပ်ထားခြင်းဖြင့် စာများအားအလိုအလျောက်ဖျက်ပေးသည့် system ပါရှိပါသည်။

အသုံးပြုနည်း

  1. ပထမအဆင့်အနေနဲ့ play store ကနေ wire ကို download လုပ်ပါ။
    teahouse_article_image
  2. ထို့နောက် create an account အားရွေးပါ။ wire အားသာမန်အသုံးပြုချင်သူတွေအတွက် Personal အားရွေးချယ်နိုင်ပြီး အဖွဲ့အစည်း၊ လုပ်ငန်းအတွက်အသုံးပြုချင်သူတွေအတွက် Pro ကိုရွေးချယ်နိုင်ပါသည်။
    teahouse_article_image
  3. မိမိ phone number (or) e-mail ထည့်သွင်းပါ။ ထို့နောက်သင့်အား code ပို့ပေးလိမ့်မည်။ code ရိုက်ထည့်ပြီးနောက် wire အားစတင်အသုံးပြုနိုင်ပါသည်။
    teahouse_article_image