Wifi Router Login Password and wifi password

လူမှုကွန်ရက်လုံခြုံရေး ( နှစ်ခွက် )

How to Change Your Wifi Router Login Password and wifi password

သင့်အိမ်တွင် WIFI တပ်ထားသည်ဆိုပါစို့။ Company တစ်ခုခုက လာတပ်ပေးသွားတယ်။ Wifi user name နဲ့ password ကို သူတို့က ပြောပြပေးသွားတယ်။ အများစုက ဒီအခြေအနေမှာ ကျေနပ်သွားကြတယ်။ ဘာတွေ ထပ်လုပ်လို့ရဦးမလဲ သိပ်မသိချင်ကြဘူး။ အဲ့တာက ပြဿနာဖြစ်လာနိုင်ပါတယ်။

တစ်ယောက်ယောက်က ကိုယ့် Hotspot password ကို ရသွားပြီဆိုပါစို့၊ Password ပြောင်းဖို့ကလည်း မသိဘူးဆိုခက်ပြီ။ Password ချိန်းဖို့ကလည်း Login password ကိုသိဦးမှဆိုတော့ အဲ့တာကိုသိအောင်လုပ်ရဦးမယ်။ Router Password ကို ပြောင်းဖို့ဆိုရင်တော့ Router ရဲ့ IP address ကိုသိဖို့လိုပါမယ်။ IP Address ကိုRouter စက်တွေရဲ့ နောက်ကျောမှာတွေ့နိုင်ပါတယ်။ 192.168.1.1 တို့၊ 192.168.100.1 တို့၊ 192.168.2.1 တို့ကိုတွေ့နိုင်ပါတယ်။ ဒီမှာလည်း မိမိ Router IP Address ကို သွားရောက်ရှာနိုင်ပါတယ်။ IP ကိုသိသွားပြီဆိုလျှင် သင့် Router တံဆိပ်၏ website ကိုရောက်သွားပါလိမ့်မယ်။ အဲ့မှာ user name နဲ့ Password ကိုရိုက်ထည့်နိုင်ပါတယ်။ user name နှင့် Password ကိုမသိပါက Router စက်၏ နောက်ကျောတွင် တွေ့နိုင်ပါသည်။ မပါရှိပါက ဒီမှာ ကြည့်နိုင်ပါသည်။ Router စက်ကုပ္မဏီများ၏ ထားတတ်တဲ့ username နှင့် password များဖြစ်ပါတယ်။ Log in လုပ်ပြီးသွားပြီဆို Password ပြောင်းနိုင်ပါပြီ။ Password ပြောင်းသည့် အဆင့်များကို Screenshot များနှင့် ပြပေးသွားပါမယ်။ ဒီမှာတော့ ဉပမာ အနေနဲ့ Huawei ၏ EchoLife HS8545M5 Router ကို ပြပေးထားပါတယ်။

  1. Router ၏ IP address ကို ရိုက်ထည့်ပြီး မိမိ Router ၏ website ထဲကိုဝင်ရောက်ပါ။
    teahouse_article_image
  2. user နှင့် Password ကိုရိုက်ထည့်ပါ။
    teahouse_article_image
  3. မိမိ Router ကို ကိုယ်ပိုင် Password ပြောင်းပါ။ ဝင်ဝင်ချင်း ဒီအဆင့်ကို မြင်ရပါလိမ့်မယ်။
    teahouse_article_image
  4. System Tools ကို နှိပ်ပါ။
    teahouse_article_image
  5. Modify Login Password ကို ရွေးချယ်ပါ။
    teahouse_article_image
  6. Username နှင့် password အဟောင်းကို ရိုက်ထည့်ပြီးနောက် မိမိထားလိုသော password အသစ်ကို ရိုက်ထည့်ပြီး apply နှိပ်၍ ပြောင်းလဲနိုင်ပါသည်။
    teahouse_article_image

ဒါသည် login password သာပြောင်းရသေးပြီး သင်၏ wifi hotspot password ကိုမပြောင်းရသေးပါ။ password ပြေင်းရန် အဆင့် ( ၇ ) ။ Wlan ကိုရွေးချယ်ပြီး WPA Presharedkey တွင် Hide ကိုဖြောက်ပြီး ထိုတွင် မိမိ ထားလိုသော password ကိုရိုက်ထည့်ပြီး ပြောင်းလဲနိုင်ပါတယ်။

teahouse_article_image