Viber အားပိုမိုလုံခြုံစွာ အသုံးပြုခြင်း

လူမှုကွန်ရက်လုံခြုံရေး ( နှစ်ခွက် )

Viber ကနေပြီးတော့အသုံးပြုပြီးဆက်သွယ်တဲ့နေရာမှာ ပိုပြီးလုံခြုံမှုရှိစေရန် Secret Chat ကိုအသုံးပြုရန် အကြံပြုထားပါတယ်။ Secret Chat ဆိုတာကတော့ end-to-end Encryption ကိုအသုံးပြုထားသော Viber ၏ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

ရိုးရိုး စာပို့ခြင်းနှင့်မတူညီတာကတော့ လုံခြုံမှု နဲ့ ဆက်သွယ်သည့် မက်ဆေ့များကို မှတ်မထားခြင်းဖြစ်ပါတယ်။ ထို့ပြင် Screenshot ရိုက်လျှင်သတိပေးသော စနစ်များထည့်သွင်းပေးထားပါတယ်။ Message ပို့ရာတွင်လည်း အလိုအလျောက်ဖျက်ပေးသည့် Timer စနစ်လည်းပါရှိပါတယ်။မည်မျှအချိန်တွင်းပျက်သွားမည်ဆိုတာကိုလည်း နာရီပုံ icon လေးကိုနှိပ်၍ချိန်ညှိနိုင်ပါတယ်။ end-to-end ကိုအသုံးပြုထားသည့်အတွက် နောက်စက်ပစ္စည်း အသစ်ကနေအကောင့်ဝင်ပြီး အသုံးပြုပါကလည်း ထို secret chat ကိုတွေ့မြင်နိုင်မည်မဟုတ်ပါ။။ ပို့ထားသော စက်နှင့် လက်ခံသောစက်တွင်သာ မြင်ရမည်ဖြစ်ပါတယ်။အရေးကြီးသောအချက်အလက်များနှင့် မိမိ၏ Privacy အတွက် လုံခြုံစွာပြောသင့်သည့် စကားများအတွက် Secret Chat ကိုအသုံးပြုရန် တိုက်တွန်းလို ပါတယ်။

အသုံးပြုနည်း

Viber ကိုအရင်ဆုံးဖွင့်ပါ။ ဆက်သွယ်မည့် Contact ကိုရွေးချယ်ပြီး ဘယ်ဘက်ထောင့်ရှိ Option ကိုနှိပ်ပါ။ Open Secret chat ကိုရွေးချယ်၍စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

teahouse_article_image