Tor Browser

Browser လုံခြုံရေး ( သုံးခွက် )

Tor Browser ဆိုသည်မှာ အခမဲ့ လုံခြုံရေး Browser တစ်ခုဖြစ်ပါသည်။ Onion Browser ဟုလည်းခေါ်ကြပါသည်။ အလွှာအထပ်ထပ်ဖြင့် သုံးစွဲသူများ၏ သတင်းအချက်အလက်များကို ကာကွယ်ပေးထားသကဲ့သို့ဖြစ်သည်။ Tor Browser တွင် သင်သည် ဘယ်သူဆိုတာ မည်သူမှမသိနိုင်ပါ။ သုံးစွဲသူအားလုံးကို ပုံစံတစ်ခုတည်းဖော်ပြပေးထားခြင်းအားဖြင့် သင်၏ ID ကို ဖျောက်ပေးထားခြင်းဖြစ်သည်။ သင်သည် အင်တာနက်ကို နေ့စဉ်သုံးစွဲသူတစ်ယောက်ဖြစ်နိုင်ပါသည်။ နေ့စဉ်အင်တာနက်ဘဝတွင် သင်သတိထားမိလောက်စရာ အင်တာနက် ကြော်ငြာများစွာရှိပါသည်။ သင်ပေးနေရသည့် သင့်ကိုယ်ပိုင် သတင်းအချက်အလက်များစွာရှိပါသည်။ ပေးနေရသည့် သတင်းအချက်အလက်များသည် မိမိတို့ သုံးစွဲနေသော Internet Service Provider များ၊ ဝင်ရောက်အသုံးပြုသည့် Website များ၊ ထည့်သွင်း အသုံးပြုနေသော Application များ၊ Software များမှ တစ်ဆင့်ဖြစ်ပါသည်။ မိမိအသုံးပြုနေသော Browser တွင် မိမိတို့ ဝင်ရောက်ခဲ့သော Website များ၊ ထည့်သွင်းခဲ့သော သတင်းအချက်အလက်များစွာကို သိမ်းဆည်းပေးထားတတ်ပါသည်။ Tor Browser သည်မိမိတို့၏ Browsing History များ၊ ပေးထားသော Password များ၊ ကိုယ်ပိုင် သတင်းအချက်အလက်များကို သိမ်းဆည်းထားခြင်းမရှိပဲ မိမိအသုံးပြု၍ ပြီးသည်နှင့် ဖျက်ပေးပါသည်။

Tor Browser ကို ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများ အသုံးများကြပါသည်။ အကြောင်းမှာ Tor သည် မိမိဘယ်မှ ရှာဖွေနေသည်၊ မိမိဘာကို ရှာဖွေနေသည်ကို မဖော်ပြပေးသောကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ တစ်ခုခုရှာရာတွင် မိမိ အသုံးပြုရာဖုန်း သို့မဟုတ် ကွန်ပျူတာ မှ ရှာဖွေလိုသော website သို့ တိုက်ရိုက်သွားတတ်သည်။ ဉပမာ - ကျွန်တော်တို့ Google မှ တစ်ခုခုရှာချင်လျှင် search bar တွင် google ဟု ရိုက်ရှာလိုက်ပါက Google၏ website ထဲသို့ တိုက်ရိုက်ရောက်သွားနိုင်ပါသည်။ ထို့အတွက်ကြောင့် google သည် မိမိ ဖုန်း သို့မဟုတ် ကွန်ပျူတာကို ခြေရာခံနိုင်ပြီး ကြားမှ မသမာသူဟက်ကာများ သို့မဟုတ် စီးပွားရေးသမားများမှ သင့်ဆီသို့ ကြော်ငြာများ၊ phisihing link များပို့နိုင်ပါသည်။ Tor တွင်တော့ တစ်ခုခုရှာဖွေမည်ဆိုလျှင် ရှာချင်သည့် website သို့ တိုက်ရိုက်မဟုတ်ပဲ ကမ္ဘာအနှံ့မှ ကျပန်း node များကို ဖြတ်ကျော်ပြီးတော့မှ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုသွားရာလမ်းကြောင်းတွင်လည်း မိမိရှာဖွေလိုသောအချက်အလက်များအား encrypt ( ဝှက်စာအသွင်ပြောင်းသည့် စနစ် ) လုပ်ပေးထားသေးသည်။ ထို့အတွက်ကြောင့် ဝင်ရောက်ရာ website သည် မိမိမည်သူဖြစ်ခြင်း နှင့် မိမိမည်သည်မှ ရှာသည်များကို မသိနိုင်တော့ပါ။ Node များကို ဖြတ်သန်းပြီးမှ ရောက်ရှိခြင်းကြောင့် အနည်းငယ်ကြာနိုင်ပါသည်။

teahouse_article_image
teahouse_article_image
teahouse_article_image