( နှစ်ခွက် )

Telegram
Telegram ကို 2013 Augest 14 ရက်နေ့တွင် စတင်ခဲ့ပါတယ်။ Telegram app များကို Android, iOS, Windows Phone, Windows, macOS နှင့် Linux များအတွက်ရရှိနိုင်ပါတယ်။ Telegram သည် Cloud အခြေပြုလက်ငင်းစာတိုပေးပို့ခြင်းနှင့် IP ဝန်ဆောင်မှုဖြင့်အသံပြုခြင်းဖြစ်ပါတယ်။ Telegram message သည် စာများကို encrypted လုပ်နိုင်ပြီး စာများကို ကိုယ်တိုင်ဖျက်နိုင်သည့် လုံခြုံးရေးပါရှိပါတယ်။ Telegram သည် သင့်စာတွေကို multiple device လုပ်ပိုင်ခွင့်ပေးထားသည့် cloud-based ပါရှိပါတယ်။ Telegram သည် လုံခြုံရေးနှင့် မြန်နှုန်းကို အဓိကထားပြီး တစ်ကမ္ဘာလုံး ကျယ်ပြန့်စွာအသုံးပြုနေတဲ့ application ဖြစ်ပါတယ်။ Telegram သည် သင့်စာတွေ၊ ဓါတ်ပုံတွေ၊ စကားပြောခန်းတွေအတွက် ကန့်သတ်ထားခြင်းမရှိပဲ hacker attacks လုပ်ခြင်းမှလည်း ကာကွယ်ပေးထားပါတယ်။
Telegram မှာ ဘာတွေလုပ်နိုင်လဲ။
နေရာဒေသဝေးနေတဲ့သူတွေအချင်းချင်း connect လုပ်နိုင်ပြီး Group ဖွဲ့တဲ့အခါမှာလည်း မန်ဘာ 200,000 အထိထားကာ ဖွဲ့လို့ရပါတယ်။ ဖုန်းထဲမှာသာမက laptop တွင်လည်း တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါတယ်။ မည်သည့် Document အမျိုးအစားမဆိုပေးပို့နိုင်ပြီး မိမိစာများကို time limit ထားလို့ရသည့် စနစ်ပါရှိပါတယ်။ မိမိ personal and business ကိစ္စအတွက် secret chat လည်းပါရှိပါတယ်။
အသုံးပြုနည်း
ပထမအဆင့် play store မှ Telegram Application အား download လုပ်ပါ။ start messaging အားနှိပ်ပါ။ မိမိ၏ဖုန်းနံပါတ်အားထည့်သွင်းပါ။ ထို့နောက်သင့်အား code ပို့ပေးလိမ့်မည်။ code ရိုက်ထည့်ပြီးနောက် Telegram messenger အားစတင်အသုံးပြုနိုင်ပါတယ်။

Group ဖွဲ့နည်း
ဘယ်ဘက်ထောင့်ရှိ optionကို နှိပ်လိုက်လျှင် new group, new secret chat, new channel စသည်ဖြင့်ပေါ်လာလိမ့်မည်။ new group အားနှိပ်ပြီး မိမိ group ဖွဲ့လိုသော contact များကို ရွေးချယ်နိုင်ပါသည်။

New Secret Chat
New Secret Chat အားနှိပ်ပြီး မိမိအသုံးပြုလိုသော contact အားရွေးချယ်ပြီး စတင်အသုံးပြုနိုင်ပါတယ်။ secret chat သည် နှစ်ယောက်သာ ပြောလို့ရနိုင်ပြီး group အတွက် မရနိုင်ပါ။
