Browser လုံခြုံရေး ( သုံးခွက် )

Psiphon သည် Psiphon Inc.မှ ထုတ်လုပ်ထားသော VPN၊ SSH နှင့် HTTP ကြားခံ နည်းပညာများအား အသုံးပြုကာဆင်ဆာဖြတ်တောက်ထားသော အင်တာနက်ပေါ်ရှိအကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်စေရန် ကျော်လွှားပေးနိုင်သည့် Application တစ်ခု ဖြစ်သည်။ သင်၏ Psiphon သည် အသုံးပြုရန်နေရာအသစ်များကို အလိုအလျောက် ရှာလျက် ဆင်ဆာ ကျော်လွှားမှုကို အကောင်းဆုံးဖြစ်အောင် တိုးမြှင့်ပေးသည်။
Psiphon သည် သင့်အား အွန်လိုင်းပေါ်ရှိ အကြောင်းအရာများကို လွတ်လပ်စွာရယူနိုင်ရန်အတွက်သာ ဖန်တီးထားခြင်းဖြစ်ပြီး သင်၏ အွန်လိုင်းပေါ်တွင်ရှိနေသော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ပုဂ္ဂလိက လုံခြုံရေးကိုတိုးမြှင့်ပေးခြင်းမရှိသောကြောင့် အွန်လိုင်းလုံခြုံရေး ကိရိယာအဖြစ် ထည့်သွင်းစဥ်းစားခြင်း သို့မဟုတ် အသုံးပြုခြင်းများမပြုလုပ်သင့်ပါ။
Install ပြုလုပ်နည်း
Android တွင်Google play store မှတဆင့်ရှာဖွေကာdownload ပြုလုပ်နိုင်သည်။ iOS များတွင်Apple store တွင်ရှာဖွေ download နိုင်သည်။
psiphon သည် သင် phone ထဲမှ application များအား ချိတ်ဆက်နေသည်ကို notification bar တွင်တွေ့နိုင်ပါသည်။ အလယ်မှ p စလုံးသည် မီးခိုးရောင် ဖြစ်နေပါက ချိတ်ဆက်နေခြင်းဖြစ်ပြီး အနီရောင် ဖြစ်နေလျှင်မချိတ်ဆက်ထားဘူးဟုဆိုလိုသည်။ အပြာရောင် ြဖစ်နေလျှင် ချိတ်ဆက် ထာသည် ကို ရည်ညွန်းသည်

အသုံးပြုထားသောမှတ်တမ်းများကို ဖော်ပြခြင်း။

Psiphon ကိုဖြတ်၍ပေးပို့ထားသည့် အရွယ်အစားချုံ့ထားသော အချက်လက်များ

Psiphon သည် ကွန်ရက် ချိတ်ဆက်သွားသည်နှင့် ၄င်း၏buit - in psiphon Browser ကို အသုံပြုနိုင်သည်။
