Jitsi

Applicationလုံခြုံရေး ( နှစ်ခွက် )

Jitsi Meet

Jitsi သည် video conferencing တွေအတွက် အလွယ်တကူတည်ဆောက်နိုင်ပြီး လုံခြုံရေးအရစိတ်ချရတဲ့ website ဖြစ်သည်။Jitsi ၏အဓိကအချက်မှာ Jitsi Videobridge နှင့် Jitsi Meet တို့သည်အင်တာနက်ပေါ်တွင်ကွန်ဖရင့်များပြုလုပ်ပေးနိုင်ပြီးရပ်ရွာတွင်းရှိအခြားစီမံကိန်းများသည်အသံ၊ dial-in, recording နှင့် simulcasting စသည့်အခြားအင်္ဂါရပ်များကိုလုပ်ဆောင်ပေးသည်။ Jitsi သည် encrypted, open source ဖြစ်တဲ့အတွက် သင်အကောင့်အသုံးပြုစရာမလိုဘူး။

Jitsi Meet Security & Privacy

Jitsiသည် အသုံးပြုသူတွေအတွက် ယုံကြည်စိတ်ချရသော Platform တစ်ခုဖြစ်သည်။ Jitsi meeting တွေကိုရိုးရှင်းတဲ့ ပုံစံများနှင့်သာဖွဲ့စည်းထားသည်။ အစည်းအဝေးခန်းများသည် ခေတ္တမျှဖြစ်ပြီး အစည်းအဝေးကျင်းပချိန်သာ အသုံးဝင်သည်။တည်ဆောက်ထားတဲ့ အစည်းအဝေးခန်းများသည် နောက်ဆုံးအသုံးပြုသူထွက်သွားတာနဲ့ ဖျက်စီးပစ်လိုက်သည်။ အကယ်၍ နောက်တစ်ယောက်က ဒီ အစည်းအဝေးခန်းထဲကို ပါဝင်မည်ဆိုပါက အစည်းအဝေးခန်းအသစ်ကိုသာ ဖန်တီးပေးသည်။ ထို့ကြောင့် group meeting များလုပ်နိုင်ပြီး လုံခြုံရေးအရလည်း သင်တို့ meeting ပြီးသွားသည်နှင့် ဘာမှကျန်ခဲ့တော့မည်မဟုတ်ပေ။

သတိပြုရမည့်အချက်များ

Jitsi Meet သည် open source ဖြစ်သောကြောင့် မိမိတို့ group meeting လုပ်နေသည့်အခါမျိုးမှာ တခြားအပြင်လူတွေမဝင်လာစေရန် သတိပြုစေချင်သည်။ Jitsi သည် encryption ကိုအသုံးပြုသော်လည်း Jitsit သို့ခေါ်ဆိုမှုများသည် Signal (သို့) FaceTime တို့ကဲ့သို့ encrypt လုပ်ခြင်းမဟုတ်ကြောင်းသတိပြုရန်အရေးကြီးပါသည်။

How can use Jitsi for video conferencing

meet.jit.si (or) Mobile application တစ်ခုခု (Android or iOS) ကို download ဆွဲရန်ဖြစ်သည်။ နောက်တစ်ခုက meet.jit.si အခန်းကိုသင်၏ကိုယ်ပိုင်ဝက်ဘ်ဆိုက်ထဲသို့ထည့်နိုင်သည်။ ပို၍သတင်းအချက်အလက်များသိလိုပါက-https://meet.jit.si/

Video Conferencing အား Jitsi တွင် အသုံးပြုနည်း

  1. ပထမအဆင့်အနေနဲ့ application or website သို့သွားပါ။ Jitsi meet အားရွေးပါ။
    teahouse_article_image
  2. Start new meeting တွင် မိမိထားချင်သော နာမည်ရွေး၍ go အားနှိပ်ပါ။
    teahouse_article_image
  3. ညာဘက်ထောင့်ရှိ icon အားနှိပ်ပြီး linkကို copy လုပ်ပါ။ ထို link အား မိမိ နှင့်အတူ meeting လုပ်မည့်သူများထံပို့ပြီး video conferencing လုပ်နိုင်ပါသည်။
    teahouse_article_image