အီးမေးနှင့်စာပို့စနစ် ( သုံးခွက် )

Signal
Signal ဆိုသည်မှာ လူတိုင်းသုံးစွဲ၍ရအောင်ဖွင့်ထားပေးပြီး မိမိတို့၏ စာ၊ ဖုန်းခေါ်ဆိုခြင်းများကို end-to-end encryption ကိုအသုံးပြုပြီး ကာကွယ်ပေးထားသော လုံခြုံစိတ်ချရသော Apllication တစ်ခုဖြစ် ပါတယ်။Signal သည် Android တွင်သာမက iOs တွင်ပါ အသုံးပြု၍ရနိုင်ပါတယ်။ မိမိ၏ လူစာရင်းထဲရှိသူ များသည် အချင်းချင်း Identity ကို စစ်လို့ရပါတယ်။ မိမိ လိုင်းပေါ်မရှိချိန်တွင် အခြားလူမှပို့ထားသောစာများ သည်ဖွင့်မှသာ ပို့ပြီးဖြစ်ကြောင်းသိရှိရမည်။ အကယ်၍ မိမိ စကားဝှက် ထားထားလျှင် မိမိ၏ ဖုန်း (သို့မဟုတ်) ကွန်ပြူတာထဲရှိပို့ထားခဲ့သောစာများကို encrypt လုပ်ပေးမည်ဖြစ်ပါတယ်။ Group ဖွဲ့၍လည်း စာများပို့နိုင်ပါတယ်။
သို့သော် အရေးကြီးသော အချက်များကိုလည်း မှတ်ထားသင့်ပါတယ်။
Signal ဟာ signal သုံးနေသူအချင်းချင်း လိုင်းဖွင့်၍သုံးသည်ဖြစ်စေ wifi ဖြင့်သုံးသည်ဖြစ်စေ ပို့ထား သည့်စာများကိုသာလျှင် encrypt လုပ်ပေးခြင်းဖြစ်ပါတယ်။ Android များတွင် ရိုးရိုး SMS ဖြင့် စာပို့ခြင်း၊ စာလက်ခံရရှိခြင်းများ လုပ်လို့ရသော်လည်း ထိုစာများကို encrypt မလုပ်ပေးပါ။ Signal အား register ပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံမှ ဖုန်းခေါ်ဆိုမှုများ စာတိုများ လက်ခံရရှိနိုင်မှရမည်။ Application အား download ဆွဲဖို့ရာ Google play store မှာသာလျှင် downlaod ဆွဲနိုင်သည့်အတွက် Google account ရှိမှာသာလျှင် ရနိုင်မည်။Signal သည် Google Cloud Messaging ကိုယုံကြည်အားထားသည့်အတွက်ကြောင့် Google မှ signal တွင်ရှိသော အချို့ Metadata တွေကို ရရှိနိုင်ပါတယ်။ ( ဥပမာ signal မှရရှိသော မည်သည့် device တွင်မဆိုတွင်ပါဝင်သော IP address စသည်)
Signal ကို Install လုပ်နည်း
- Android တွင် Google Playstore မှတဆင့်ရှာဖွေကာ download လုပ်နိုင်ပါသည်။ iOs တွင် Apple Store ၌ ရှာကာ download လုပ်နိုင်ပါသည်။
- Download လုပ်ပြီးသောအခါ application ကိုဖွင့်လိုက်လျှင် ဖုန်းနံပါတ် ဖြည့်ရမည်ဖြစ်သည်။
- ဖြည့်ပြီးလျှင် ထိုဖုန်းနံပါတ်အား ကုဒ်နံပါတ်၆လုံးပါ စာတိုဝင်လာလိမ့်မည်။ ဝင်လာလျှင်ဖြည့်ပေးရပါမည်။
- ပြီးလျှင် နာမည်နှင့်ဓါတ်ပုံအား ဖြည့်ပြီးလျှင် အသုံးပြုနိုင်ပါပြီ။
- SMS နှင့် MMS တို့အား လက်ခံမည်/လက်မခံပါ ကိုသတ်မှတ်နိုင်ပါသည်။
- ထိုနောက် "Privacy ထဲတွင် Signal အားဖွင့်ချင်လျှင် မိမိ၏ "Lock Screen" အား စကားဝှက်ဖြင့် ဖြစ်စေ၊ လက်ဗွေဖြင့်ဖြစ်စေ ဖွင့်၍ရအောင် Screen lock တွင် ပြုလုပ်နိုင်ပါတယ်။
- Screenshot" လုပ်၍မရအောင် screen security မှာ ပြုလုပ်နိုင်သည်။
- မိမိရိုက်ထားသည့်စာများကို ခြေရာမခံသော keyboard ရရှိနိုင်သည်။
- ဖုန်းခေါ်ဆိုရာတွင် မိမိ၏ "IP Address" မပေါ်အောင်ပြုလုပ်၍ရသည်။
- မိ၏ IP address ကို အခြားသူများသိရှိခြင်းကို ရှောင်ရှားရန် Signal Server မှ တဆင့်ခံဖုန်းခေါ်လျှင် IP Address ကို မသိနိုင်တော့ပါ။ ခေါ်ဆိုမှု အရည်အသွေးတော့ကျဆင်းသွားနိုင်ပါသည်။
- မိမိ ဖတ်ရှိမှုပြီးကြောင်းကို တဖက်အား မသိရှိချင်လျှင် Read Receipt ကိုပိတ်လိုက်နိုင်သည်။
- မိမိ၏ profile မရှိထားသော သူများသည် မိမိ၏ စာများ ခေါ်ဆိုမှုများကို ဝင်ကြည့်၍မရပါ။
- မိမိနှင့် မိမိ၏သူငယ်ချင်းပြောဆိုထားမှုများတွင် encryption ၏လုံခြုံမှုကို အတည်ပြုမည်ဆိုလျှင် Verify Safety ၌သွား၍ မိမိ၏ကုဒ်နံပါတ်နှင့် ၎င်းတို့၏ ကုဒ်နံပါတ်များကို တိုက်၍စစ်ဆေးခြင်းဖြင့် သော်လည်းကောင်း မိမိ၏
- QR Code ကို ယင်းသူတို့အား scan ဖတ်ခိုင်းခြင်း၊ ယင်းသူတို့၏ QR Code အား မိမိမှ scan ဖတ်ခြင်းဖြင့် အတည်ပြုနိုင်သည်။
- မိမိ၏ စာများအား အချိန်ကြာကြာမသိမ်းဆည်းချင်လျှင် ထိုစာများကို ၅စက္ကန့်အတွင်း ပျောက်ပျက်သွားအောင်ပြုလုပ်နိုင်ပါသည်။
- SMS နှင့် MMS တို့အား လက်ခံမည်/လက်မခံပါ ကိုသတ်မှတ်နိုင်ပါသည်။