How to live without google

အထွေထွေဆောင်းပါး ( တစ်ခွက် )

“Google ကိုအသုံးမပြုဘဲ ကိုယ်ရေးအချက်အလက်များကို ကာကွယ်နိုင်သော နည်းလမ်းများ”

ဝက်ဆိုက်သန်းပေါင်းများစွာ၏ ၇၅ရာခိုင်နှုန်းသည် google ၏နောက်ယောင်ခံ စုံစမ်းခြင်းကို ခံရပါသည်။ အသုံးပြုသူတို့၏ ရှာဖွေထားမှုများကို နောက်ယောင်ခံလိုက်ရုံ သာမက မိမိတို့ အသုံးပြုထားသော ဝက်ဆိုက်များကိုပါ နောက်ယောင်ခံစုံစမ်းကာ အင်တာနက်ကို အသုံးပြု၍ လုပ်ဆောင်မှုပြုနေသော နေရာတိုင်းသို့ ကြော်ငြာများပေးပို့ခြင်းနှင့် ပြသခြင်းတို့ကို ပြုလုပ်လျက်ရှိနေပါသည်။ ကွာရှင်းပြတ်ဆဲခြင်းအစရှိသော ဖြစ်စဉ်များကို မှတ်သားထားကာ အချက်အလက်များကို ရှေ့နေများသို့ စုဆောင်း၍အသိပေးသည်။ ၂၀၁၉ ခုနှစ်တွင် ကွာရှင်းပြတ်ဆဲခြင်း ကိစ္စရပ်များနှင့် ပတ်သက်သော အချက်အလက်ပေါင်း ၁သိန်း၅သောင်းကျော်ကို google မှ စုဆောင်းရရှိခဲ့သည်ဟု ပြောဆိုခဲ့ပါသည်။ အင်တာနက်အသုံးပြုသူများသည် မိမိတို့အသုံးပြုနေသော နည်းပညာအကြောင်းအရာများနှင့် ပတ်သက်၍ ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုတည်းပေါ်တွင် မှီခိုနေရခြင်းသည် များစွာအန္တရာယ်ရှိလာသည်ကို သဘောပေါက်လာ ကြပါသည်။ ထိုကြောင့် google ကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိ၍ အစားထိုးအသုံးပြုနိုင်သော အခြားရှာဖွေမှုပြုလုပ်နိုင်သောနေရာများကို ထပ်မံ ရှာဖွေလာ ကြပါသည်။ သတင်းကောင်းမှာ ကျွန်ုပ်တို့တွင်ရွေးချယ်နိုင်မှုများရှိနေပြီး နေရာအများစုသည် အခမဲ့အသုံးပြုနိုင်သည်။ အချို့သောပိုက်ဆံပေး၍ အသုံးပြုရသော နေရာများသည်လည်း အတော်အသင့်အားဖြင့် မိမိတို့၏ ကိုယ်ပ်ုင်အချက်အလက်များကို ထိန်းသိမ်းမှု ပြုနိုင်သည်။

Google Search > DuckDuckGo (အခမဲ့ အသုံးပြုနိုင်သည်)

အလွယ်ဆုံး တစ်ခုနှင့် စကြရအောင်။ အရင်ဆုံး DuckDuckGo ဆီသို့သွားရပါမည်။ DuckDuckGo သည် သင်၏ရှာဖွေမှုမှတ်တမ်းများကို ထိန်းသိမ်းပေးထားရုံသာမက ရှာဖွေမှုနှင့်ပတ်သက်သော အခြားချိတ်ဆက်မှု ပြုထားသည့် အညွှန်းများ၊ အဖြေများကိုပါ ထောက်ပံ့ပေးခြင်းနှင့် အခြားသော ရှာဖွေမှုနှင့် မသက်ဆိုင်သော အရာများပြသခြင်းများကို မပြုလုပ်ပေ။ Gmail,Calendar & Contacts > FastMail (ပိုက်ဆံပေးသုံးရ)၊ ProtonMail (ပိုက်ဆံပေးသုံး၍ရ၊အခမဲ့သုံး၍လည်းရ)၊Tutanota (ပိုက်ဆံပေးသုံး၍ရ၊ အခမဲ့သုံး၍လည်းရ)

FastMail သည် မည်သည့်ကိရိယာ၊ စက်ပစ္စည်းတွင်မဆို အသုံးပြုနိုင်သော ပြက္ခဒိန်နှင့်အဆက်အသွယ်များ ပါဝင်ပြီး လွတ်လပ်စွာ ပေးဆောင်ရသော ၀န်ဆောင်မှုတစ်ခုဖြစ်ပါသည်။ PGP encryption tools များကိုပေါင်းစပ်ခြင်းအားဖြင့်ယုံကြည်ရသောပါတီများအကြား encrypted email ရရှိရန်နည်းလမ်းမြောက်များစွာရှိသည်။ အခြားသော ပုဂ္ဂလိကအီးမေးလ်များအစား ProtonMail နှင့် Tutanota တို့သည် ပုံမှန်အားဖြင့်စာပို့ခြင်း အစမှအဆုံးအပြီးတွင် စာဝှက်စနစ်ကိုပေးသည်။

Youtube > Vimeo (ပိုက်ဆံပေးသုံး၍ရ၊ အခမဲ့သုံး၍လည်းရ)

ကံမကောင်းလှစွာ ဖြင့် ဗီဒီယိုအများစုသည် Youtube တွင်ရှိနေပါက သင်သည် ပိုမိုကောင်းမွန်သောနေရာဖြစ်သည့် အသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်မှုပေးနိုင်သော DuckDuckGo သို့သွားရောက်ကာ YouTube ၏ "youtube-nocookie" ဒိုမိန်းမှတစ်ဆင့် ရှာဇွေနိုင်သည်။ အကယ်၍ သင်ဟာ ကိုယ်တိုင်ဗီဒီယိုကို ဖန်တီးပြီး hosting လုပ်မည်ဆိုလျှင် Vimeo သည်ဖန်တီးသူများအတွက် အကောင်းဆုံးဖြစ်ပြီး လူသိလည်းများပါသည်။

Google Maps >Apple Maps (အခမဲ့သုံးလို့ရ), OpenStreetMap (အခမဲ့သုံးလို့ရ)

iOSအသုံးပြုသူများအတွက် Appleသည် Apple Maps မှတစ်ဆင့် တည်ဆောက်ထားသော ရွေးချယ်စရာတစ်ခုကို ပေးထားသောကြောင့် အခြားတပ်ဆင်စရာ မလိုအပ်ပါ။ ပိုမိုကျယ်ပြန့်သော ကိရိယာအထောက်အပံ့အတွက် OpenStreetMap (OSM) ကို အသုံးပြုနိုင်သည်။ သို့သော် Apple Maps ကဲ့သို့လွယ်ကူမှုရှိခြင်းနှင့် ကောင်းမွန်သော အရည်အသွေးများ မရှိနိုင်ပါ။

Google Drive > Resilio Sync (ပိုက်ဆံပေးသုံး၍ရ၊ အခမဲ့သုံး၍လည်းရ), Tresorit (ပိုက်ဆံပေးသုံးရ)

Resilio Sync သည်သီးခြားဖိုင်သိုလှောင်ခြင်း၊ အရန်ကူးခြင်းနှင့်ဖိုင်မျှဝေခြင်းတို့တွင်အသုံးပြုနိုင်သည့် peer-to-peer ဖိုင်ထပ်တူပြုခြင်းကို အထောက်အပံ့ ပေးထားသည်။ ဆိုလိုသည်မှာ သင်၏ဖိုင်များသည် Cloud ထဲရှိ ဆာဗာတစ်ခုတည်း ပေါ်တွင်သာ ဘယ်တော့မျှ သိမ်းဆည်းခြင်းမပြုပါ။ ဆော့ဖ်ဝဲကို ဆာဗာများ အပါအဝင် မည်သည့် ပလက်ဖောင်းအမျိုးမျိုးနှင့် ကိရိယာများတွင်မဆို အသုံးပြုနိုင်သည်။ သိုလှောင်မှုနှင့် အဆုံးမှအဆုံးသို့ စာဝှက်စနစ်ပါသော အရံသိမ်းဆည်းခြင်း ဝန်ဆောင်မှုမှာ Tresorit ဖြစ်သည်။

Android > iOS (ပိုက်ဆံပေးသုံးရ)

Android အသုံးပြုသူများအတွက် အခြားလူကြိုက်အများဆုံးနဲ့ ရွေးချယ်ဖို့ကတော့ iOS ပါ။ iMessage ကနေ လွယ်ကူစွာ encryption လုပ်ပြီး encrypted messaging ကို ပြုလုပ်ပေးပါတယ်။

Google Chrome > Safari (အခမဲ့သုံးလို့ရ), Firefox (အခမဲ့သုံးလို့ရ), Brave (အခမဲ့သုံးလို့ရ), Vivaldi (အခမဲ့သုံးလို့ရ)

Safariသည် DuckDuckGoကို ကိုယ်ပိုင်ရှာဖွေရေးအတွက် ရွေးချယ်စရာ တစ်ခုအဖြစ် ထည့်သွင်းထားသော ထမဆုံးသော အဓိက browser ဖြစ်သည်။ Cross-device နှင့် ပိုမိုသဟဇာတဖြစ်သော browser သည် Mozilla ၏ Firefox ဖြစ်သည်။ သီးသန့် mode တွင် built-in tracker blocker ပါ၀င်သော open source browser ဖြစ်သည်။ Brave သည် tracker blocking ကိုပုံမှန်အားဖြင့်ဖွင့်ထားသော အဆင့်တစ်ဆင့်ပိုသည်။ DuckDuckGo ကဲ့သို့တည်ဆောက်ထားသော အခြားများစွာသော browser များလည်းရှိပြီး Vivaldi ကဲ့သို့သော ပါဝါသုံးစွဲသူများအတွက်လည်း အလွန်သင့်လျော်သော စနစ်လည်းပါသည်။

Blogger > Ghost (ပိုက်ဆံပေးသုံး၍ရ), WordPress.com (ပိုက်ဆံပေးသုံး၍ရ၊ အခမဲ့သုံး၍လည်းရ)

Ghostသည် Hosted ကိုပိုက်ဆံပေးသုံးရ၍ ကိုယ်တိုင်တပ်ဆင်နိုင်သော ဘလော့ဂ်ပလက်ဖောင်းဖြစ်ပြီး ပုံမှန်အားဖြင့် tracker-free နှင့် အကျိုးအမြတ်မယူသော ဖောင်ဒေးရှင်းမှလည်ပတ်သည်။ ကိုယ်ပိုင်ဘလော့ဂ်သမားများအတွက် လူကြိုက်များပြီး အခြားအခမဲ့ ရွေးချယ်စရာတစ်ခုမှာ WordPress ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့်ကမ္ဘာ့၀က်ဘ်ဆိုက်များ၏ ၃၃%ကို ထောက်ပံ့ပေးထားသည်။ ၎င်းသည် မိမိကိုယ်ကိုတပ်ဆင်ခြင်းအတွက်လည်းကောင်း၊ ပုံမှန်အားဖြင့် third-party tracker များမရှိသော hosted service တစ်ခုအနေဖြင့်လည်းကောင်း သုံးနိုင်သည်။ ၄င်း တွင်များပြားသောစာရွက်စာတမ်းများ နှင့်ရွေးချယ်စရာ အခင်းအကျင်းများစွာ ရှိသည်။

Google Hangouts/Meet > Jami (အခမဲ့), Apple FaceTime (အခမဲ့), Microsoft Teams (အခမဲ့၊ ပိုက်ဆံပေးသုံး၍လဲရ)

Jami ဆိုသည်မှာ မည်သည့် OS မှာမဆိုအသုံးပြုနိုင်ပြီး end-to-end encryption ( ပို့သူနှင့် လက်ခံသူ နှစ်ဖက်စလုံးမှ အချက်အလက်များကို တခြားသူဝင်မကြည့်နိုင်အောင် ဝှက်စာအဖြစ်ပြောင်းပေးခြင်း ) ကို အသုံးပြုထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Jami ၏ လုံခြုံရေးပေါ်လစီအရ jami website သို့ ဝင်ရောက်ကြသော စာရင်းများကို သုံးသပ်ရန် အမည်မဲ့ပြီး သဘောတူထားသော အချက်အလက်များကိုသာ သုံးပါသည်ဟု ဆိုပါသည်။ Apple ၏ ထုတ်ကုန်တစ်ခုခုကို သုံးတာဆိုလျှင်တော့ Facetime သည် အသုံးပြုရလွယ်ပြီး end-to-end encryption စနစ်ပါဝင်ပါသည်။Microsoft မှ ထုတ်ထားသည့် Microsoft Teams ဆိုသည်မှာလည်း လူသုံးများကြပြီး မည်သည့်အချက်များကိုမှ ကြော်ငြာများ နှင့် အသုံးပြုသူများကို ဆွဲဆောင်ရန် အသုံးမပြုပါဟု ဆိုပါသည်။ Google Duo and Android Messages > Signal (အခမဲ့) Signal ကိုအခမဲ့အသုံးပြုလို့ရနိုင်ပါသည်။ စာပို့ခြင်း၊ ဖုန်းခေါ်ခြင်းများကို လုံခြုံစွာအသုံးပြုနိင်ပါသည်၊ ပို့စာများ၊ ပြန်စာများ နှင့် ဖုန်းခေါ်ဆိုခြင်းများကို စကားဝှက်ပုံစံပြောင်းပေးထားသည့်အတွက် ပိုမိုလုံခြုံပါသည်။ Edward Snowden ကိုယ်တိုင်မှ ညွှန်းထားသော app ဖြစ်ပါသည်။

Google Group > MeWe (အခမဲ့၊ပိုက်ဆံပေးသုံး၍လဲရ)၊ Discourse ( ပိုက်ဆံပေးသုံး၍ရ၊ အခမဲ့သုံး၍လဲရ )

MeWe ဆိုသည်မှာ private ( သို့မဟုတ် ) public အဖွဲ့ဖွဲ့ခြင်းအပေါ်အခြေခံထားသည့် ဆက်သွယ်ရေးဆော့ဖ်ဝဲတစ်ခုဖြစ်ပါသည်။ သူတို့၏ privacy policy ( လုံခြုံရေးပေါ်လစီ ) တွင် အသုံးပြုသူများ၏

အချက်အလက်များကို စုဆောင်းခြင်း၊ တခြားသူအားပေးခြင်းများမပြုလုပ်ပါဟု ဆိုထားပါသည်။ နောက်ထပ်မတူသည့်တစ်ခုကတော့ Discourse ဖြစ်ပါသည်။ Discourse ဆိုသည်မှာ open source ဖြစ်ပြီး ဆွေးနွေးပြောဆို၍ရသည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ public နှင့် private စကားပြောခြင်း နှစ်ခုလုံးကို ယုံကြည်ရတဲ့စနစ် နှင့် spam ( အန္တရာယ်ရှိသောစာ) များကို ကာကွယ်ပေးထားပါသည်။ ပိုက်ဆံပေးသုံးရတဲ့ version ရှိပေမယ့် ကိုယ်ပိုင် server များကို host လုပ်လို့ရအောင် ခွင့်ပြုထားပါသည်။

( ကိုးကားစာ - https://spreadprivacy.com/how-to-remove-google/)