Firefox Focus

Browser လုံခြုံရေး ( နှစ်ခွက် )

Firefox Focus

Firefox focus browser သည်မိမိရှာဖွေသည့်မှတ်တမ်းများ၊ cookies၊ စကားဝှက်များအားအလိုလျောက် ဖယ်ရှားပေးသည်။ မိမိအား ဒစ်ဂျစ်တယ်နောက်ယောင်ခံလိုက်ခြင်းကို ဟန့်တားပေးခြင်း၊ ကြော်ငြာများအား တာဆီးပေးခြင်း ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုအလိုအလျောက် လျှို့ဝှက်ပေးနိုင်သည်။ Application မှထွက်လိုက်ပါက မိမိအသုံးပြုခဲ့သော browsing history များ ပြတ်သွားမည်ဖြစ်သည်။

Install ပြုလုပ်နည်း

  1. Android တွင်Google play store မှတဆင့်ရှာဖွေကာ download ပြုလုပ်နိုင်သည်။ iOS များတွင် Apple store တွင်ရှာဖွေ download နိုင်သည်။
    teahouse_article_image
  2. Download ပြုလုပ်ပြီးပါက Application ကို ဖွင့်ပြီးမိမိရှာဖွေလိုသည့်အကြောင်းအရာများကို Search နေရာ တွင်ဖြည့်စွက်ကာ ရှာဖွေနိုင်ပါပြီ။
    teahouse_article_image
  3. ရှာဖွေကြည့်ရှနေသည့်စာမျက်နှာအားဖျက်ချင်လျှင်ဘေးတွင်ရှိသော အမိူက်ပုံးပုံစံခလုတ်လေးအား နှိပ်၍ဖျက်နိုင်ပါသည်။
  4. မိမိလိုအပ်သည့်အကြောင်းအရာများပိတ်ဆို့ခြင်းနှင့် ဒစ်ဂျစ်တယ်နောက်ယောင်ခံခြင်းများအားကာကွယ်ရန် အောက်ညာဘက်တွင်ရှိသော စက်သွားပုံ setting ခလုတ်လေးအားနှိပ်၍စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
    teahouse_article_image

Firefox focus ၏ စွမ်းဆောင်ချက်အသစ်တစ်ခု မှာ iOS ၏ safari နှင့်တွဲဖက်အသုံးပြုခွင့်ပေးထားသော‌ကြောင့် သင်၏ safari တွင်content blocker အဖြစ်အသုံးပြုနိုင်သည်။

  1. setting ထဲမှsafari ကိုရှာပါ။
    teahouse_article_image
  2. content Blocker ထဲသို့ဝင်ပါ။
    teahouse_article_image
  3. content blocker အားအဖွင့်အပိတ်ပြုလုပ်နိူင်သည်။
    teahouse_article_image

Tails - Privacy for anyone anywhere

Tails သည် window၊ MacOS ကဲ့သို့ operating system တစ်ခုဖြစ်သည်။ သို့သော် Tails သည် လုံခြုံရေးကို အမြင့်ဆုံး အသားပေးထားသော OS တစ်ခုဖြစ်သည်။ Tails ဆိုသည်မှာ the amnesic icognito live system ဖြစ်သည်။ Tails ကို Window များ MacOS များတွင် ထည့်သွင်အသုံးပြုနိုင်သည်။ Tails သည် အခမဲ့ဖြစ်ပြီး Download ဆွဲ၍ အသုံးပြုနိုင်ပါသည်။ Tails ကို USB Stick, Memory Card နှင့် DVD အခွေများထဲသို့ ထည့်သွင်းထားပြီး မည်သည့်ကွန်ပျူတာတွင်မဆို အချိန်မရွေးထည့်သွင်းအသုံးပြုနိုင်ပါသည်။ သင်အပြင်သွားရာတွင် computer တစ်ခုလုံးယူသွားစရာမလိုပဲ USB Stick တစ်ခုသယ်သွားရုံဖြင့် အသုံးပြုနိုင်ပါသည်။ ကြိုက်နှစ်သက်ရာ ကွန်ပျူတာတစ်လုံးထဲတွင် Tails OS ထည့်ထားသော USB ကိုထည့်သွင်းလိုက်ပါက စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့ကြောင့် Tails ကို live operating system ဟုလည်းခေါ်သည်။ အန္တရာယ်များသော စာရွက်စာတမ်းများ, လျှို့ဝှက်သော ရှာဖွေခြင်းများလုပ်ဆောင်ရာတွင် Tails OS ကို အသုံးပြုသင့်ပါသည်။

Tails ကို ဝင်ရောက်အသုံးပြုနေသည့် ကွန်ပျူတာသည် Tails OS ထဲတွင်ရှိသော မည်သည့် သတင်းအချက်အလက်ကိုမှ မှတ်ထား၍ရမည်မဟုတ်ပါ။ Tails ကို တစ်ကြိမ်ထည့်သွင်းအသုံးပြုပြီး ပြန်ဖြုတ်လိုက်ပြီဆိုပါက Tails သည် ရှိသမျှ သတင်းအချက်အလက်အားလုံးကို ဖျက်ဆီးလိုက်မည်ဖြစ်သည်။ ထို့ကြောင့် ထည့်သွင်းအသုံးပြုတိုင်း မည်သည့်အရာကို မှတ်ထားခြင်းမရှိပဲ အစကအတိုင်း ပြန်လည်ပြမည်ဖြစ်သည်။ သို့သော် တစ်ခုခုကို မှတ်ထားချင်တာ၊ သိမ်းထားချင်တာရှိပါက Tails ကို ထည့်သွင်းထားသော USB ထဲတွင် “Persistant”မှ မိမိသိမ်းလိုသော File ကို Encrypt ပြုလုပ်၍ သိမ်းထားနိုင်သေးသည်။ ဝင်ရောက်အသုံးပြုနေသော ကွန်ပျူတာ၏ RAM ထဲတွင်တော့ ကျန်ခဲ့မည်မဟုတ်ပါ။ မိမိအသုံးပြုနေသော OS မှ မိမိ သတင်းအချက်အလက်များကို ရယူနေခြင်း၊ မှတ်သားထားခြင်းများကိုမခံလိုပါက Tails OS ကို အသုံးပြုနိုင်ပါသည်။

Tails OS သည် Tor Browser ကိုသာ အသုံးပြုထားပါသည်။ Tor Browser သည် လုံခြုံစွာရှာဖွေ၊ ဆက်သွယ်နိုင်သော Browser တစ်ခုဖြစ်ပါသည်။ Tor အကြောင်းကို ဤ တွင်ဖတ်နိုင်ပါသည်။ Tor သည် တခြားအင်တာနက်လမ်းကြောင်းတွေကို ပိတ်ဆို့ထားပါသည်။ Tor ၏ Tor Network မှတစ်ဆင့်သာ အားလုံးကို ဖြတ်သန်းခွင့်ပြုပါသည်။ ထို့ကြောင့် သတင်းအချက်အလက်များသည် ဝင်ကြည့်နိုင်သည့် အင်တာနက်ပေါ်ရောက်ရှိသွားခြင်းမဟုတ်တော့ပဲ မိမိ၏ ID နှင့် Location များကို မသိနိုင်သော Tor Network မှတစ်ဆင့်သာ သွားပါတော့သည်။

Tails ကို GN/Linux မှ ထုတ်လုပ်ထားပါသည်။ Linux ကို အသုံးပြုထားသောကြောင့် Linux နှင့် အကျွမ်းတဝင်မရှိသူများအတွက် အနည်းငယ်ခက်ခဲနိုင်ပါသည်။ သို့သော် အောက်ပါအဆင့်များအား သေချာလိုက်လုပ်ပါက လွယ်ကူနိုင်ပါသည်။ Install လုပ်ရာတွင်သာ ခက်ခဲပြီး နောက်ပိုင်းအသုံးပြုရ လွယ်ကူပါသည်။

https://www.youtube.com/watch?v=jPzB5IliLEA https://www.youtube.com/watch?v=8NXvsWRcSns