လူမှုကွန်ရက်လုံခြုံရေး ( နှစ်ခွက် )

Messenger secret conversations
Facebook ကနေပြီးတော့ messenger အသုံးပြုပြီးဆက်သွယ်တဲ့နေရာမှာ ပိုပြီးလုံခြုံမှုရှိစေရန် secret conversation ကိုအသုံးပြုရန် အကြံပြုထားပါတယ်။ Secret conversation ဆိုတာကတော့ end-to-end Encryption ကိုအသုံးပြုထားသော messenger ၏၀န်ဆောင်မှု တစ်ခုဖြစ်ပါတယ်။
ရိုးရိုး Chat box မှပြောဆိုသော conversation နှင့်မတူညီတာကတော့ ဆက်သွယ်သည့် မက်ဆေ့များကို လုံခြုံမှုအရ မှတ်မထားခြင်းဖြစ်ပါတယ်။ end-to-end ကိုအသုံးပြုထားသည့်အတွက် နောက်စက်ပစ္စည်းအသစ် ကနေ အကောင့်၀င်ပြီး အသုံးပြုပါကလည်း ထို secret conversation ကိုတွေ့မြင်နိုင်မည်မဟုတ်ပါ။ ပို့ထားသောပေးပို့သူအသုံးပြုသောစက်နှင့် လက်ခံသောစက်တွင်သာ မြင်ရမည်ဖြစ်ပါတယ်။ အရေးကြီးသောအချက်အလက်များနှင့် မိမိ၏ Privacy အတွက် လုံခြုံစွာပြောသင့်သည့် Conversation များအတွက် Secret conversation ကိုအသုံးပြုရန် တိုက်တွန်းလိုပါတယ်။
အသုံးပြုနည်း
ပထမဆုံး Messenger ကိုဖွင့်ရန်လိုအပ်ပါတယ်။ ဘယ်ဘက်အပေါ်ထောင့်ရှိ မိမိ profile ကိုနှိပ်ပါ။အောက်တွင်ရှိသည့် Secret conversations ဆိုသည့်စာသားကိုနှိပ်၍ စတင်အသုံးပြုနိုင်ပါတယ်။

ထို့နောက် ထိုအထဲတွင် Secret Conversation အသုံးပြုထားသည့် စက်ပစ္စည်းများကိုတွေ့မြင်နိုင်မည် ဖြစ်ပြီး မိမိအသုံးမပြုလိုသောစက်ပစ္စည်းတွေပါလျှင် Delete all secret conversation နှိပ်ပါက Secret conversation အားလုံး ပျက်သွားမည် ဖြစ်ပါတယ်။

Secret Conversation ဖွင့်ပြီးလျှင် မိမိလျို့ဝှက်ပြောလိုသောသူ၏ Chat Box တွင် ညာဘက်အပေါ် ထောင့်ရှိ i ပုံစံလေးကိုနှိပ်၍ဝင်ပါ။ထိုမှ Go to secret conversation ကိုနှိပ်၍ secret converation စတင်အသုံးပြုပြောဆိုနိုင်ပြီဖြစ်ပါတယ်။

ထို secret conversation တွင်မိမိတို့ပြောဆိုသောအကြောင်းအရာများသည် အပြန်အလှန်မြင်တွေ့ ပြီးသောစာများကို ဘယ်နှမိနစ်အကြာတွင်ပျောက်သွားမည်ဆိုသည်ကိုလည်း နာရီပုံစံလေးကိုနှိပ်၍ အချိန် သတ်မှတ်နိုင်ပါသည်။
