Facebook မှာ လုံခြုံအောင်နေနည်း ( ၂ )

လူမှုကွန်ရက်လုံခြုံရေး ( နှစ်ခွက် )

Facebook Security

Facebook ကို လူအများအပြားမှ လူမှုရေး စီးပွားရေး နိုင်ငံရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကျယ်ပြန့်စွာ အသုံးပြုလာကြရာ အမြတ်ထုတ်မှုများ ၊ မသမာမှုများနှင့် ငွေကြေးခြိမ်းခြောက်လိုမှုများကြောင့် လုံခြုံရေးဆိုင်ရာပြဿနာတွေကို ကြုံတွေ့လာရပါတယ်။ ထို့ကြောင့် Facebook အနေဖြင့်လည်း ၄င်း၏ လုံခြုံရေးဆိုင်ရာပိုမိုစိတ်ချရသော ပြောင်းလဲမှုတွေကို Application သို့မဟုတ် Offical Website မှာထည့်သွင်းပေးထားပါတယ်။အသုံးပြုသူများအနေဖြင့် အနည်းငယ် အားထုတ်လေ့လာရုံဖြင့် Facebook Setting ထဲမှာတင် မိမိရဲ့ လုံခြုံရေးကို တိုးမြှင့်နိုင်ပါတယ်။

အဆင့် (၁) Facebook Setting and Security

Facebook ရဲ့ Setting ထဲကို ဝင်ပါ။ Setting ထဲ တွင် မိမိအကောင့်ကို လုံခြုံရေးကိုတိုးမြှင့်နိုင်သည့် Security ဆိုင်ရာအပြောင်းအလဲတွေလုပ်နိုင်ပါသည်။

a a

အဆင့် (၂) Where you’re logged in

“Security and Login” ထဲမှာ “Where you’re logged in” ကိုတွေ့နိုင်ပါတယ်။ မိမိအကောင့်ကို ထည့်သွင်းအသုံးပြုခဲ့သည့် ဖုန်းတွေ၊ ကွန်ပျူတာတွေကို ဒီမှာပြသပေးထားပါတယ်။အသုံးပြုထားသည့် အချိန်၊ နေရာတွေကိုပါ ဖော်ပြပေးထားပါတယ်။ ပျောက်ဆုံးသွားသည့် ( သို့မဟုတ် ) ပျက်သွားသည့် ဖုန်း၊ ကွန်ပျူတာတွေမှာ မိမိအကောင့်ကို ထည့်သွင်းအသုံးပြုထားခဲ့ဖူးသည်ဆိုလျှင် “Where you’re logged in” ကနေ “Log out” လုပ်လို့ရပါတယ်။တစ်ခါမှ အသုံးမပြုဖူးသည့် ဖုန်း ၊ ကွန်ပျူတာကနေ မိမိအကောင့်ကို Log In ဝင်ထားတာပြနေလျှင် အကောင့်ကို တစ်ခြားသူကရရှိထားတာမျိုးဖြစ်နိုင်ပါတယ်။ “See More” ကို နှိပ်ပြီး “Log Out Of All Sessions” ကို ရွေးချယ်နိုင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်ကို Log In ဝင်ထားသမျှ စက်ပစ္စည်းတိုင်းကနေ ထွက်သွားမှာဖြစ်ပါတယ်။သို့သော် ချွင်းချက်အနေဖြင့် မိမိ၏ facebook password ကို မှတ်မိနေသင့်ပါတယ်။