Digital Security Practices

လူမှုကွန်ရက်လုံခြုံရေး ( တစ်ခွက် )
  • မိိမိဖုန်းနှင့် ကွန်ပျူတာများအား တစ်ပါးသူများအားဖြစ်နိုင်လျှင် ပေးမသုံးပါနှင့်။
  • မိိမိအကောင့်များ၏ password များကို ခိုင်မာစွာထားရှိပါရန်။
  • မိမိ စကားဝှက် Password များအား မည်သူ့ကိုမျှ မပေးပါနှင့် ။
  • Password များကို အနည်းဆုံး ၆လတစ်ခါပြောင်းပေးရန်။
  • မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အွန်လိုင်းပေါ်တွင်အလွယ်တကူဖော်ထုတ်ပြသခြင်း မပြုမိပါရန်။
  • မိမိ၏ Gmail နှင့် Facebook Account များကို Two Factor Authentication ခံထားသင့်သည်။
  • မိမိအသုံးပြုနေသော Browser History များကို ရှင်းလင်းရန်။
  • အရေးကြီးသော အချက်အလက်များကိုပြောဆို‌‌‌ဝေမျှသောအခါ စိတ်ချရသော Platform များတွင် ပြောဆိုသင့်သည်။
  • Public Wifi များကို ချိတ်ဆက်အသုံးပြုရာတွင် မိမိအရေးကြီးသောကိုယ်ရေးကိုယ်တာ သို့ ငွေကြေးဆိုင်ရာအကောင့်များ၏ password များကိုအလွယ်တကူရိုက်ထည့်ခြင်းကိုရှောင်ကြည်ရန်။
  • ဖုန်းဆိုင်များတွင် ဖုန်းပြုပြင်သည့်အခါ ( သို့ ) မိမိဖုန်းအား တစ်ပါးသူသို့ ပြန်လည်ရောင်းချသည့် အခါတွင် မိမိ၏ ဖုန်း Gallery ထဲမှ ပုံများ ၊ အရေးကြီးသည့် ဖုန်းနံပါတ်များ ၊ အကောင့်များ အစရှိသည် တို့အား အားလုံး ရှင်းလင်းပြီးမှ ရောင်းချခြင်း ( သို့ ) တစ်ပါးသူထံအပ်နှံခြင်းအား ပြုလုပ်ပါ ။
  • မိမိ မမျှော်လင့် ထားသည့် အီးမေးလ်များ နှင့် ငွေကြေးတောင်းခံသည့် လင့်ခ်များအား မနှိပ်ပါနှင့်။
  • အကယ်၍ မိမိအကောင့်အား Hack ခံရခြင်း (သို့) Hack ခံရသည်ဟု သံသယရှိပါက မိမိ အကောင့်၏ စကားဝှက်အား အမြန်ပြောင်း၍ အခြားဝင်ရောက်အသုံးပြုနေသောဖုန်းများ / ကွန်ပျူတာများမှ Logout လုပ်ပါ

အထက်ပါ အချက်များသည် ဒစ်ဂျစ်တယ်လုံခြုံရေး အတွက် အခြေခံသိထားသင့်သည့် အလေ့အထ များဖြစ်ပြီး သင့်အနေဖြင့် အခြားသော အသေးစိတ် သိထားသင့်သည့် ဒစ်ဂျစ်တယ် လုံခြုံရေး သင်ခန်းစာများကိုလည်း ယခု Website တွင် ဆက်လက်လေ့လာနိုင်ပါသည်။