Dark Web

Browser လုံခြုံရေး ( သုံးခွက် )

Dark Web ဆိုတာ ဘာလဲ

အင်တာနက်ရှာဖွေရေးအင်ဂျင်များဖြစ်တဲ့ Google တို့၊ Firefox Mozila တို့တွင် ပုံမှန်ရှာနိုင်တဲ့အရာတွေရှိပါသည်။ ဉပမာ - ဘယ်ဖုန်းက ပိုကောင်းလဲ၊ ဖုန်းက ဝိုင်ဖိုင်ချိတ်လို့မရတော့ဘူး၊ ဘယ်လိုဖြေရှင်းရမလဲ၊ နာမည်ကြီး သရုပ်ဆောင်၏ မွေးနေ့ စသည်ဖြင့် အပေါ်ယံတွေကို ရှာဖွေနိုင်ပါသည်။ ဒါတွေဟာ သင်တစ်ယောက်တည်းတင် သိလို့ရတာမျိုးမဟုတ်ပဲ ရှာဖွေသူမည်သူမဆို ရှာဖွေတွေ့ရှိနိုင်တာမျိုးဖြစ်ပါသည်။ ဒါကို အင်တာနက်၏ အပေါ်ယံလွှာလို့သတ်မှတ်လို့ရပါတယ်။ Surface Web လို့ခေါ်ပါတယ်။ သင့်နာမည်ကို ရှာလိုက်ရုံဖြင့် သင့် facebook ကို ဝင်သုံးလို့ရသွားတာမျိုး၊ သင့်ဘဏ်အကောင့် စကားဝှက်ကို သိသွားတာမျိုးမဖြစ်နိုင်ပါဘူး။ Surface Web တွင် အပေါ်ယံများသာ သိမ်းထားပြီး အချက်အလက်များကို စကားဝှက်ခံထားတာမျိုး၊ သင်သာသိသော အသုံးပြုသူနာမည် နှင့် စကားဝှက်ကို ရိုက်ထည့်မှာသာ အသုံးပြုနိုင်ပါသည်။ သို့သော် ထိုအချက်အလက်များအားလုံးကို Server များဖြင့်သော်လည်းကောင်း သိမ်းဆည်းထားသောနေရာမှာ Deep Web တွင်ဖြစ်ပါသည်။ အများစုဟာ Deep Web နှင့် Dark web ကို မှားတတ်သောကြောင့်ရှင်းပြရခြင်းဖြစ်ပါသည်။ Deep Web ၏ ၀.၀၁ ရာခိုင်းနှုန်းလောက်ကသာ Dark Web ဖြစ်ပါသည်။ Google ကဲ့သို့သော ရှာဖွေရေးအင်ဂျင်များဖြင့် ရှာ၍ မရနိုင်သော အချက်အလက်များသည် Deep Web ထဲတွင် ရှိနေပါသည်။ သတင်းအချက်အလက်အများဆုံးသည် Deep Web ထဲတွင် ရှိနေပါသည်။ ပြောခဲ့သလို Dark Web သည် Deep Web ၏ အစိတ်အပိုင်းအသေးမျှသာဖြစ်ပေမယ့် အာဏာပိုင်များ လှမ်းမမှီနိုင်သော အကြောင်းအရာ၊ ကိစ္စများသည် Dark Web ထဲတွင်သာ ရှိပါသည်။ Dark Web ထဲတွင် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ Hacking လုပ်နိုင်သည့် Tools များအားရောင်းချခြင်းများ၊ Google Drive အားအကန့်အသတ်မရှိအသုံးပြုနိုင်သော အကောင့်များရောင်းခြင်းမှ အစ အကြမ်းဖက်မှုကို အားပေးသော ဖိုရမ်များ၊ လက်နက်ရောင်းဝယ်ခြင်း၊ ကလေးများ၊ တိရိစ္ဆာန်များနှင့် လိင်မှုဆိုင်ရာကိစ္စများ၏ ဗီဒီယိုများရောင်းချခြင်း၊ လူသတ်သမားငှားခြင်းအထိ အသုံးပြုကြပါသည်။

Dark Web ဘယ်လိုဖြစ်လာတာလဲ

အမေရိကန်အစိုးရမှ စပိုင်များ အမည်မဲ့စွာ သတင်းအချက်အလက်များကို ပေးနိုင်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ Dark Web မှ တစ်ဆင့် တစ်ခြားပြိုင်ဖက်နိုင်ငံ၏ သတင်းအချက်အလက်များ၊ အကြမ်းဖက်သမားများ၏ အချက်အလက်များကို လျှို့ဝှက်စွာ ပို့နိင်ရန်ဖြစ်သည်။ နောက်ပိုင်းတွင် အမေရိကန် စစ်တပ်မှ TOR ( The Onion Router ) ကိုဖန်တီးခဲ့ပြီး ပြည်သူများထံ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အသုံးပြုခွင့်ပေးရသည့် ရည်ရွယ်ချက်ကတော့ ဒီ Dark Web ထဲတွင် ရှိနေသော တခြားသူများကြား အစိုးရ၏ စပိုင်များမှ ကိုယ်ရောင်ဖျောက်နိုင်ရန်ဖြစ်သည်။

TOR Browser နှင့် Dark Web

TOR ဆိုသည်မှာ Dark Web ကို ဝင်ရောက်နိုင်သော ရှာဖွေရေးအင်ဂျင်ဖြစ်ပါသည်။ Google ရှာဖွေရေးအင်ဂျင်သည် အင်တာနက်၏ ၁၀ ရာခိုင်နှုန်းမျှသော အပေါ်ယံလွှာကိုသာ ရှာနိုင်ပါသည်။ TOR သည် ကျန်သည့် အပိုင်းများဖြစ်သ‌ော Dark Web များကို ရှာဖွေနိုင်သည်။ TOR သည် သင်ဘယ်သူဆိုတာကို ဖျောက်ပေးပြီး website များကိုပါ စကားဝှက်ပြောင်းလဲထားသော အလွှာများဖြင့် အမည်ဖျောက်ပေးပါသည်။ Dark Web ကို ရှာဖွေနိုင်သော အခြားသော အင်ဂျင်များရှိပါသေးသည်။ သို့သော် TOR သာ လူသိများပါသည်။

Dark Web ကို ဘာအတွက် သုံးကြတာလဲ

Dark Web သည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်အားလုံးကို ဖျောက်ပေးထားပါတယ်။ သင်ဘယ်သူလဲ၊ သင်ဘာအလုပ်လုပ်တာလဲ၊ သင့်အသက်ဘယ်လောက်လဲ စသည့် အချက်အလက်များအားလုံးကို Dark Web တွင်မဖော်ပြပေးပါ။ လုံခြုံစွာ ဆက်သွယ်နိုင်ရေး၊ မိမိမှန်းသိနိုင်၍ ပြော၍မရသော ကိစ္စများကို ဖော်ပြရန်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရရန် Dark Web ကို အသုံးပြုကြသူများရှိပါသည်။ ဒါ့အပြင် အထက်မှာပြောခဲ့သလို တရားမဝင်ကိစ္စများကို လုပ်ဆောင်ရန် သုံးကြသူက ပိုများပါသည်။ လူများမသိနိုင်သော ရာဇဝတ်မှုများစွာ Dark Web ထဲတွင် ဖြစ်နေကြပါသည်။ ရဲများသည်လည်း Dark Web များကို ဝင်စီးရာမှာလည်း လက်လျှော့ရသည့်အခြေအနေများရှိပါသည်။ ၂၀၁၅ တွင် သုတေသီများက ငါးပတ်အတွင်းရှာဖွေဖော်ထုတ်ရာမှာ Dark Web ပေါင်း ၂ ထောင်ကျော်ကို ရှာတွေ့ခဲ့ပါတယ်။ အချိန်နှင့်အမျှ Dark Web များပေါ်ပေါက်နေနိုင်ပါသည်။ တစ်ချို့ Dark Web များသည် Website သာ ရှိပြီး ဘာမှ မတင်ထားတာမျိုးတွေလည်းရှိပါသည်။ မကျေနပ်သော Web ကို အသုံးပြုသူများကြောင့်ဖြစ်ဖြစ်၊ အာဏာပိုင်များရန်မှ ရှောင်လွဲနိုင်ရန်အတွက် Website များကို အတည်တကျထားရှိခြင်းအတွက် အမြဲပြောင်းလဲနေခြင်းက အဆင်ပြေသောကြောင့်ဖြစ်သည်။ Dark Web သည် အသုံးပြုသူ၏ သတင်းအချက်အလက်များကို မဖော်ပြပေမယ့် လူပေါင်းများစွာ၏ လျှို့ဝှက်အချက်အလက်များ နေ့စဉ်စီးဆင်းနေသည့် နေရာဖြစ်သည်။ Dark Web သည် Cryptocurrency ကြောင့်ပိုမို အသုံးပြုရ လွယ်ကူလာပါသည်။

Dark Websites များကို အသုံးပြုသင့်ပါသလား

*** Dark Web သည် အလွန်အန္တရာယ်များသည့်နေရာဖြစ်သည်။ သတိမမူပဲ သုံးမိပါက အလွန်ဆိုးရွားသော ကိစ္စများဖြစ်နိုင်ပါသည်။ ***

Dark Web တွင် သင်ဟာ ကြိုတင်လေ့လာပြင်ဆင်ထားခြင်းမရှိပါက အန္တရာယ်များနိုင်ပါသည်။ သင်နှိပ်လိုက်သော Button ၏ နောက်တွင် မည်သည့်အရာရှိကြောင်းသင်မသိနိုင်ပါ။ Hack ခံရခြင်းမှ အစ၊ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များသိသွားခြင်း၊ တရားမဝင် Website များ ဝင်မိရာမှ အဖမ်းခံရခြင်းတို့ ဖြစ်နိုင်ပါသည်။ နောက်တစ်ချက်မှာ Dark Web သို့ ဝင်ရောက်ဖူးသူများမှ ပြောသောစကားများအရ သွေးထွက်သံယိုများ၊ လူအသားအား ဟင်းချက်ပြသည့် ဗီဒီယိုများ၊ ယုတ်ရင်းကြမ်းတမ်းစွာလူတစ်ယောက်ကို နှိက်စက်နေသော Live video များ၊ ကလေးများအား ကာမဆိုင်ရာ အနိုင်ကျင့်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများစသည့် ဆိုးရွားသော ကိစ္စများကိုကြုံတွေ့ရနိုင်ပါသည်။ သင်သည် အန္တရာယ်များသော အချက်အလက် သို့မဟုတ် သတင်းတစ်ခုခု ပေးဖို့ လိုအပ်လာသည့် အခါ သို့မဟုတ် အလွန်အရေးကြီးသော အချိန်မျိုးမှသာ Dark Web ကို ဝင်သင့်ပါသည်။

မဖြစ်မနေဝင်ရမည့် အချိန်မျိုးတွင် ကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများရှိပါသည်။

  1. အားကောင်းသော VPN ကိုသုံးပါ။ တစ်ချို့သည် TOR ကိုသာ အသုံးပြုပြီး VPN အသုံးမပြုသည့် အတွက် မလုံခြုံခြင်းမျိုး ဖြစ်ရပါသည်။ VPN သုံးရာတွင်လည်း သေချာဂရုစိုက်ပြီးရွေးချယ်ပါ။
  2. သင့် ဖုန်းထဲ ( သို့မဟုတ် ) ကွန်ပျူတာထဲသို့ နောက်ဆုံးထွက်ဖြစ်သော Anti-virus software ကို install လုပ်ထားပါ။
  3. TOR Browser ကို Official Website မှ Download ဆွဲပြီး Install လုပ်ထားပါ။
  4. TOR Setting ကို လုံခြုံရေး မြှင့်ထားပါ။
  5. Dark Web ကို ဝင်လို့ရသွားပါပြီ။
  6. သင်ဘယ်ကိုသွားနေလဲ ဆိုတာ သင်သိဖို့ အရမ်းအရေးကြီးပါသည်။
  7. Dark Web ကို ရောက်တဲ့အခါ sign up လုပ်ခြင်း၊ Password များရိုက်ထည့်ခြင်း စသည်များမလုပ်မိဖို့ အရေးကြီးပါသည်။
  8. Cryptocurrency ကိုသာ အသုံးပြုပါ။ Online မှ တစ်ဆင့် တခြားငွေပေးချေခြင်းမျိုး မလုပ်ပါနှင့်။
  9. အသုံးပြုပြီးပါက ဖွင့်ထားသည်များကို အကုန်လုံး ပြန်ပိတ်ပါ။

စာကိုးကား -
https://www.csoonline.com/article/3249765/what-is-the-dark-web-how-to-access-it-and-what-youll-find.html
https://www.investopedia.com/terms/d/dark-web.asp
https://home.sophos.com/en-us/security-news/2019/dark-web.aspx
https://www.thesun.co.uk/tech/2054243/dark-web-kidnap-chloe-ayling-encrypted-network-black-death/