Cookies များ၏ အရေးပါမှု

လူမှုကွန်ရက်လုံခြုံရေး ( နှစ်ခွက် )

What is Open Source?

Open Source ဆိုတာဘာလဲ?

Open Source ဆိုတာကတော့ မည်သူမဆို အသုံးပြုနိုင်သော၊မျှဝေနိုင်သော၊ပြုပြင်နိုင်သော ကိုဆိုလိုပါသည်။ Open Source ဆိုတဲ့ စကားလုံးရဲ့ မူလဇစ်မြစ်ကတော့ software ဖန်တီးသူတွေ၊ ကွန်ပျူတာ Program ရေးသားခြင်း တို့ကနေဆင်းသက်လာခြင်းဖြစ်ပါသည်။Program သို့မဟုတ် Softwareရေးသားရာတွင် မည်သူမဆိုအသုံးပြုနိုင်သော ပြုပြင်နိုင်သော မျှဝေနိုင်သော Code များကို Open Source Codes လို့ခေါ်ဝေါ်ကြပါသည်။

Open source software

Source code ဆိုတာကတော့ ရိုးရိုးအသုံးပြုသူတွေ မတွေ့နိုင်သော Software ဖန်တီးရာတွင်အသုံးပြုသော code များဆိုဆိုလိုခြင်းဖြစ်သည်။ Open source software ဆိုသည်မှာ မည်သူမဆိုအသုံးပြုနိုင်သော Code များဖြင့်ဖန်တီးပြုလုပ်ထားသော software ကိုဆိုလိုပါသည်။ Software ထဲတွင်ရေးသားထားသည့် Code များကို မည်သူမဆို ၀င်ရောက်ကြည့် ရှုပြီး အသုံးပြုနိုင်ပါသည်။ဥပမာအားဖြင့် တံခါးပေါက်ဖွင့်ထားသော အဆောက်အအုံတစ်ခု လိုမျိုး မည်သူမဆို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး အသုံးပြုနိုင်သော အရာဖြစ်ပါသည်။ မျှဝေရာတွင်လည်း မည့်သည့်ကန့်သတ်ချက် မျှမရှိပဲ မျှဝေနိုင်ပါသည်။ Open Source software များအသုံးပြုခြင်းအားဖြင့် မိမိ အသုံးပြုနေသော software များ လုံခြုံမှု ရှိမရှိ မိမိ ကိုယ်တိုင် ကြည့်နိုင်ပါသည်။ မိမိကိုယ်တိုင်ပြန်ပြင်ပြီး အသုံးပြုနိုင်ပါသည်။

Open Source ဆိုတာကို တို့နားလည်သလောက် ရှင်းပြကြည့်ပါအုံးမယ်။

ဖြစ်စဥ် ၁ ။

မညိုမြတို့ ရွာထိပ် တွင် ဇရပ်ကြီးတစ်ခုရှိသည်။
ညိုမြ ငယ်စဥ် ကတည်းက ထိုဇရပ်ကြီးအား တွေ့နေခြင်းဖြစ်သည်။
ရွာနီးချုပ်စပ်မှ စေတနာရှိသူများမှ ငွေအင်အား ၊ လူအင်အား ထည့်သွင်း၍ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။
ထိုဇရပ်ကြီးတွင် လိုအပ်သည်များကို နောက်ထပ် နောင်လာ နောင်သားများမှ ပြုပြင်မွန်းမံကြသည်။ ထိုနည်းဖြင့် ဇရပ်ကြီးအား ရေရှည်တည့်တံ့စေသည်။
ထိုဇရပ်ကြီးတွင် အလှူရှင်များရှိသော်လည်း တစ်ဦးတစ်ယောက်သောပိုင်ရှင်ဟူ၍ မရှိ။ ဝင်ထွက်သွားလာသူများ အားလည်းမည်သူမျှဟန့်တားခြင်း ဖမ်းဆီးချုပ်နှောင်ခြင်းမရှိ။ ပုဂ္ဂလရည်ရွယ်ချက်ဖြင့်လည်း အေးအေးလူလူ သွားရောက်အိပ်စက်ခြင်းပြုနိုင်သလို အများအကျိုးပြုရည်ရွယ်ချက်ဖြင့် လည်း အလှူအတန်းနှင့်ပွဲတော်များ သွားရောက် ကျင်းပနိုင်သည့် နေရာ ဖြစ်သည်။
အထက်ပါ ဖြစ်စဥ်တွင် ရွာထိပ်က ဇရပ်ကြီးသည် Open Source ဆော့ဝဲလ် တစ်ခုပင်ဖြစ်သည်။ ထိုဆော့ဝဲလ် အား ဖန်တီးထားသည့် အရင်းမြစ်များကို အခြား ဖန်တီးသူများမှ ပြန်လည်၍ ထပ်မံဖန်တီးခြင်း ၊ ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း ၊ အခြားသူများနှင့် ဝေမျှခြင်းတို့ကို ပြုလုပ်နိုင်သည့် ဘုံပိုင်ပြုထားသော ကွန်ပျူတာ ပရိုဂရမ်တစ်ခုပင်ဖြစ်သည်။