Browser လုံခြုံရေး ( သုံးခွက် )

Extensions in Chrome
Extensions ဆိုသည်မှာ browsing ပြုလုပ်ရာတွင် လုပ်ဆောင်ချက်များကို စိတ်တိုင်းကျ ထည့်သွင်းအသုံးပြုနိုင်သော software အသေးစားများ ဖြစ်သည်။ Extensions သည် Chrome လုပ်ဆောင်ချက်များကို မိမိတိူ့အသုံးပြုရာတွင် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်။ Extensions သည် HTML, JavaScript, CSS စသော web နည်းပညာများပေါ်တွင် တည်ဆောက်ခဲ့သော softwareအမျိုးစား တစ်ခုဖြစ်သည်။
နားလည်လွယ်စေရန် ဥပမာပေးရမည်ဆိုလျှင် -
စက်ဘီးဝါသနာ ရှင်တစ်ဦးမှ သူ့စက်ဘီးအား ထပ်ဆောင်းပစ္စည်းများတပ်သကဲ့သို့ပင်ဖြစ်သည်။ စက်ဘီးကို အမြဲပြင်ဆင်သလို ပိုမို သက်တောင့်သက်သာဖြစ်ရန်နှင့် စီးနင်းရာတွင် လုံခြုံစေရန် ထပ်ဆောင်း ပစ္စည်းများတပ်ဆင်သည်။ သဲမစင်စေရန်သဲကာလေးများတပ်သည်။ စက်ဘီးနင်းတဲ့အခါ ဖုန်း၊ပိုက်ဆံအိတ်စသောပစ္စည်းလေးများထည့်ရန် Bicycle Bag များတပ်သည်။ ရောင်ပြန်များတပ်သည်။ကယ်ရီယာလေးများတပ်သည်။ ထိုသဘောတရားသည် Extension အသုံးပြုသည့် သဘောပင်ဖြစ်သည်။
Extensions သည် Browser အသုံးပြုရာတွင် ပိုမိုလွယ်ကူခြင်း (သို့ ) အသုံးဝင်ခြင်း အစရှိသည့် ရည်ရွယ်ချက်တစ်ခုချင်းစီတိုင်းအား ဖြည့်ဆည်းပေးပြီး သုံးစွဲသူအား ပိုမို လွယ်ကူစေနိုင်သည်။ Extensions တစ်ခုစီတိုင်းတွင် အစိတ်အပိုင်းမျိုးစုံပါဝင်ပြီး အတိုင်းအတာ တစ်ခုထိလုပ်ဆောင်နိုင်စွမ်းရှိသည်။ Extensions များသည် ရည်ရွယ်ချက်ရှိ၍ အသိပ်သည်းဆုံးဖြစ်သင့်သည်။ Extensions များသည် အရိုးရှင်းဆုံး icon (ဥပမာ- Google mail extension icon) မှစ၍ အစီအစဉ်တကျဖော်ပြနိုင်သည်။
Extensions အသုံးပြုနည်း
Extensions အားအသုံးပြုရင် search bar တွင် chrome web store ဟုရိုက်ထည့်ပေးပါ။ ထို့နောက် web store page မှ search bar တွင် မိမိအသုံးပြုလိုသော extensions ကိုရှာပါ။ ထို့နောက် Add to chrome ကိုနှိပ်ပါက extension ထည့်သွင်းခြင်းအောင်မြင်ပါပြီ။ ထို extension icon အားနှိပ်၍အသုံးပြုနိုင်ပါပြီ။
Terms of Services
www.tosdr.org မှ website များ၏ ဝန်ဆောင်မှုသတ်မှတ်ချက်များ၊ privacy ၏မူဝါဒများကို စံသတ်မှတ်ပေးထားပြီး အကျဥ်းချုပ် လုပ်ပေးသည့် extension တစ်ခုဖြစ်ပါသည်။ သင်သည် ဤသတ်မှတ်ချက်များကို မဖတ်ကြည့်ပဲ အလွယ်တကူ သဘောတူညီပါသည်ဆိုသည်ကို နှိပ်နေခြင်းကို ကူညီဖြေရှင်းပေးမည့် Add On တစ်ခုဖြစ်ပါတယ်။ Terms of Service; Didn't Read သည် အသုံးပြုသူ၏ အခွင့်အရေးအား Website ဘက်မှ မည်မျှ ဂရုစိုက်သည် (သို့ ) မည်မျှချိုးဖောက်လျှက်ရှိသည်ကို အခြေခံ၍ စံနှုန်းများသတ်မှတ်ပေးသည်။ ဤ website များ၏ Privacy Policy များအား အလွန်ကောင်း (A) မှ အလွန်မကောင်း (E) အထိ သတ်မှတ်ပေးသည့် အရာဖြစ်သည်။ ဤ extension သည် Address bar ရှိ အပေါ် တစ်နေရာတွင် website ၏ စံသတ်မှတ်မှုများကို A / B / C / D+ အစရှိသဖြင့် ပြသပေးသည်။ ယင်း icon ကို နှိပ်လိုက်လျှင် website ၏ သတ်မှတ်ချက်များနှင့် privacy မူဝါဒများ၊ အရေးကြီးသော စံသတ်မှတ်ကိန်းများကို ရရှိနိုင်ပါသည်။ မကောင်းသောစံသတ်မှတ်မှုရရှိထားသော website ကို ပထမဆုံး သွားရောက်မိလျှင် မိမိအား extension မှ သတိပေးလိမ့်မည်။ ဤ extension သည် open source ဖြစ်သည်။

Privacy badger
Privacy badger သည် မမြင်ရသောခြေရာခံသူများကို အလိုအလျောက် တားဆီးပိတ်ပင်ပေးသော extension တစ်ခုဖြစ်ပါသည်။ Privacy badgerသည် မိမိ browsing လုပ်နေစဉ် မည်သည့် အင်တာနက်နယ်ပယ်များက မိမိအားခြေရာခံနေသည်ကို စောင့်ကြည့်လေ့လာ ပေးသော extensionဖြစ်သည်။ Privacy badgerသည် Do Not Track ဟူ၍အချက်ပြသည်။ ခြေရာခံသူသည် မိမိ၏ဆန္ဒများအား လျစ်လျူရှုပါက မိမိ၏ badger extension သည် ခြေရာခံသူအားတားဆီးရန် လေ့လာပေးသည်။ Privacy badger သည် ခြေရာခံသူတစ်ဦးအား မတူညီသော websites သုံးခုတွင် တွေ့ပါက တားဆီးပိတ်ပင်ပေးသည်။

Https everywhere
Https everywhere သည် ထောင်ပေါင်းများစွာသော websites များကို မလုံခြုံသော http (hyper text transfer protocol) များလုံခြုံသော https (hyper text transfer protocol secure) သို့အလိုအလျောက်ပြောင်းလဲပေးသော extension တစ်ခုဖြစ်ပါသည်။ Https everywhere သည် စောင့်ကြည့်မှုပုံစံမျိုးစုံ နှင့် မိမိအကောင့်အား တခြားသူရယူခံရမှုမှ ကာကွယ်ပေးသည်။
Https everywhere သည် httpနှင့်စသော ထောင်ပေါင်းများစွာသော websites link များထဲသို့မဝင်ရောက်နိုင် ရန်တာဆီးပေးသော extensionတစ်ခုဖြစ်ပါသည်။ Http ဆိုသည်မှာ Hyper Text Transfer Protocol ဖြစ်ပြီး websites များသို့သွားရာ အခြေခံလမ်းကြောင်းဖြစ်သည်။ https သည် Hyper Text Transfer Protocol Secure ဖြစ်ပြီး http နှင့်စသော websites link များထက် လုံခြုံမှုရှိစေသည်။

uBlock Origin
Unlock origin သည် open-source တစ်ခုဖြစ်သည်။ အကြောင်းအရာစီစစ်ပေးသော Cross-platform browser extensionတစ်ခုဖြစ်ပြီး ads စိတ်ရှုပ်စရာ ကြော်ငြာများအားတားဆီးပေးသော extension တစ်ခုလဲဖြစ်သည်။ Ublock origin သည် Chrome တွင်သာမက Chromium, Edge, Firefox စသည်တို့တွင်လဲ အသုံးပြုနိုင်သည်။
