Cambridge Analytica အကြောင်းတစေ့တစောင်း

လူမှုကွန်ရက်လုံခြုံရေး ( သုံးခွက် )

Facebook - Cambridge Analytica အကြောင်းတစေ့တစောင်း

Facebook - Cambridge Analytica ကိစ္စဟာ ဆိုရှယ်မီဒီယာတွေမှာအတော်လေး ပျံ့နှံ့ပြီး လူပြောများခဲ့ရတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတစ်ခုပါပဲ။ Facebook ကိုတော့ လူတိုင်းသိကြမှာပါ။ Cambridge Analytica ကိုတော့ လူတိုင်းမသိလောက်ပါဘူး။ Cambridge Analytica ဆိုတာကတော့ လူတွေရဲ့ Data တွေကို ရယူအပြီး နိုင်ငံရေးကမ်ပိန်းတွေမှာ အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Facebook - Cambridge Analytica ကိစ္စကတော့ facebook အသုံးပြုသူ သန်း ၅၀ ရဲ့ data တွေကို ခွင့်ပြုချက်မတောင်းပဲ ရယူပြီး နိုင်ငံရေးမဲဆွယ်ရာတွေင် အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

Cambridge တက္ကသိုလ်မှ Data Scientist ဖြစ်သူ၊ Cambridge Analytica တွင် အလုပ်လုပ်ကိုင်နေတဲ့ Aleksandr Kogan က “This is my digital life “ ဆိုတဲ့ app တစ်ခုကို 2014 ခုနှစ်က ဖန်တီးခဲ့ပါတယ်။ထိုapp ကတော့ လူတွေရဲ့ personalities တွေတွက်ထုတ်ပေးတဲ့ quiz တစ်ခုဖြစ်ပါတယ်။ ထို Quiz ကို Facebook မှာ အသုံးပြုနိုင်ပါတယ်။ သင်ယခုတွေ့နိုင်တဲ့ “ သင်က အရင်ဘဝက ဘာအကောင်လဲ “၊ “ ဘယ်သွားရင်ကောင်းမလဲ” ၊ “ သင့်ကို အရင်ဘဝက သတ်ခဲ့တဲ့ သူငယ်ချင်းက ဘယ်သူလဲ” ဆိုတဲ့ Quiz တွေလိုပါပဲ။ Quiz ကို ဖြေဆိုဖို့ဆိုရင် သင့် facebook profile ကို Access ပေးရပါတယ်။ ခွင့်ပြုမှ Quiz ကို အသုံးပြုလို့ရပါတယ်။ Facebook အသုံးပြုသူ 270,000 က ဝင်ရောက်အသုံးပြုခဲ့ကြပါတယ်။ သို့ရာတွင် Facebook က အသုံးပြုသူများ၏ သတင်းအချက်အလက်များကိုသာပေးခဲ့တာမဟုတ်ပဲ Quiz ကို ဝင်ရောက်အသုံးပြုခဲ့သူများ၏ Facebook Friend များ၏ အချက်အလက်များကိုပါ ပေးခဲ့ပါတယ်။ လူ သန်း ၅၀ ရဲ့ သတင်းအချက်အလက်များကို Cambridge Analytica က ရရှိသွားပါတော့တယ်။ နောက်ပိုင်းထုတ်ပြန်ချက်များတွင်  ၈၇ သန်းအထိ ရရှိခဲ့တယ်လိုဆိုပါတယ်။ ပေးခဲ့ရသည့် အချက်အလက်များသည် facebook အသုံးပြုနေသူများ facebook အားပေးထားရသည့် အချက်အလက်အားလုံးဖြစ်သည်။ သင်၏ အသက်၊ နေထိုင်သည့် မြို့၊ သင်ရဲ့ စိတ်ဝင်စားမှုတွေ၊ သင်အကြိုက်တွေစသည်ဖြင့် များစွာပါဝင်ပါတယ်။ Quiz ထဲတွင်လည်း လူတစ်ယောက်၏ personality ကို တွက်ထုတ်နိင်သည့် မေးခွန်းများပါဝင်ခဲ့ပါတယ်။ Facebook ကတော့ သုံးစွဲသူများ၏ အချက်အလက်တွေကို News Feed ပေါ်သို့ အသုံးပြုသူများတစ်ယောက်ချင်းစီအလိုက် စိတ်ဝင်စားမှုတွေကို အခြေခံတဲ့ ကြော်ငြာတွေဖော်ပြခြင်းဖြင့် အသုံးပြုပါတယ်။ Cambridge Analytica ကတော့ ရရှိထားတဲ့ လူ ၈၇ သန်းရဲ့ အချက်အလက်တွေကို နိုင်ငံရေးကမ်ပိန်းတွေမှာ အသုံးပြုခဲ့ပါတယ်။

Cambridge Aanlytica က ရရှိထားတဲ့ အချက်အလက်တွေမှတစ်ဆင့် Big Five လို့ လူသိများတဲ့ လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ၅ မျိုးကို အသုံးပြုပြီး လူအမျိုးအစားများကို ခွဲထုတ်ခဲ့ပါတယ်။ ဘယ်သူတွေရဲ့ News Feed ကို ဘာပို့ရမယ်ဆိုတာကို လူတွေရဲ့ အချက်အလက်များကို တွက်ထုတ်ခြင်းမှ တစ်ဆင့် ပို့ခဲ့ပါတယ်။ Cambridge Analytica သည် ပထမမှာ သတင်းအချက်အလက်များကို US ၏ အထက်လွှတ်တော်အမတ် Ted Cruz ၏ သမ္မတရွေးကောက်ပွဲကမ်ပိန်းမှာ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ လက်ရှိ အမေရိကန် သမ္မတ Donal Trump ၏ ရွေးကောက်ပွဲဗျူဟာချမှတ်တဲ့ အဖွဲ့ နှင့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သင်ဘယ်သူလဲဆိုတာသိနေရင် သင်ဘာတွေဆုံးဖြတ်မလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ နောက်တစ်နည်းကတော့ သင့်ဆုံးဖြတ်ချက်တွေမှာ ထည့်သွင်းစဉ်းစားမယ့်အချက်တွေကို သင့်ဦးနှောက်ထဲထည့်ပေးလိုက်ခြင်းပါပဲ။ လူ ၈၇ သန်းရဲ့ ဦးနှောက်ထဲကို ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို ထည့်ပေးဖို့ Cambridge Analytica က သူတို့ဘယ်သူလဲ ဆိုတာကို သူတို့ရဲ့ Facebook Activity တေွမှ တစ်ဆင့် သိပြီးသွားပါပြီ။

Cambridge Analytica ရဲ့ နည်းလမ်းကတော့ သမ္မတ Trump ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ၊ မဲဆွဲစကားတွေကို သုံးစွဲသူများရဲ့ News Feed ပေါ်ကို ပို့ခဲ့တာမဟုတ်ပဲ ရွေးကောက်ခံပြိုင်ဘက်ဖြစ်တဲ့ Hillary Clinton ရဲ့ အကျင့်ပျက်မှုတွေကို မီးမောင်းထိုးပြတဲ့ ကြော်ငြာတွေကို ပို့ခဲ့တာဖြစ်ပါတယ်။ ဒီနည်း နဲ့ သမ္မတ Trump ဟာ ကောင်းမွန်တဲ့ ရွေးကောက်ခံသမ္မတဖြစ်လာခဲ့တာဖြစ်ပါတယ်။ 2016 ခုနှစ် နိုင်ဝင်ဘာလမှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ Donal Trump မှအနိုင်ရခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ “The Great Hack” ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုမှ လူအများဆီရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ Cambridge Analytica ရဲ့ လုပ်ဆောင်ချက်တွေကို Christopher Wylie ဆိုတဲ့ အလုပ်သမားဟောင်းက ဖွင့်ချခဲ့တာဖြစ်ပါတယ်။ လူတွေရဲ့ Data တွေကို ဘယ်လိုယူခဲ့တယ်၊ ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာတွေအားလုံးကို သူမှတစ်ဆင့် ဖွင့်ချခဲ့တာဖြစ်ပါတယ်။ “ The Great Hack “ ရုပ်ရှင်ကို Netflix တွင်လည်းကောင်း၊ အခြား ဘာသာပြန် website များတွင်လည်း ရှာဖွေနိုင်ပါတယ်။ 

ဒီကိစ္စဟာ ကမ္ဘာတစ်ဝှမ်းမှ လူတွေက သူတို့ရဲ့ အချက်အလက်တွေပေးနေရခြင်းကို အကြီးအကျယ်သတိပြုမိစေခဲ့ပါတယ်။ Facebook မှ CEO ဖြစ်တဲ့ Mark Zuckerberg လည်း တရားစွဲဆိုခြင်းခံခဲ့ရပြီး ပြောင်းလဲမှုတွေပြုလုပ်ခဲ့ရပါတယ်။ “#Deletefacebook” နှင့် “ #Own your data “ ဆိုတဲ့ Hashtag( # ) ကမ်ပိန်းတွေပေါ်လာခဲ့ပြီး လူအများစုလည်း ပါဝင်ခဲ့ကြပါတယ်။ Facebook တွင်ယခင်က Facebook Account ကို ဖျက်ခွင့်မရှိပဲ Deactivate သာ လုပ်နိုင်ပါသည်။ ပေးနေရတဲ့ အချက်အလက်တွေကိုလည်း မသိရပါဘူး။ တရားစွဲဆိုခံရပြီးနောက်ပိုင်းမှာ “ Delete Your Facebook Account” ၊ “ Access your information” နှင့် “ Download your information “ ဆိုတဲ့ Setting အသစ်တွေပါဝင်လာခဲ့ပါတယ်။ 

အသုံးပြုသူများ၏ သတင်းအချက်အလက်များကို အသုံးချပြီး စီးပွားဖြစ်အသုံးချနေသည့် ကိစ္စများစွာရှိပါသည်။ အသိပေး၍ ယူခြင်းများရှိပြီး ခွင့်ပြုချက်မတောင်းပဲ ယူခြင်းများလည်းရှိပါသည်။ Facebook မှ Quiz များ၊ Websiteများ၏ ကြော်ငြာ ဂိမ်းများကစားရခြင်း၊ ကြော်ငြာဗီဒီယိုများအားကြည့်၍ Level တက်ခြင်းများကို နေ့စဉ်နှင့် အမျှမြင်တွေ့နေကြရပါတယ်။ ဒါတွေဟာ အန္တရာယ်များတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှတစ်ဆင့် ကျွန်တော်တို့ သတင်းအချက်အလက်တွေဟာ ဘယ်လောက်တန်ဖိုးရှိပြီး ပြောင်းလဲခြင်းဖြစ်ရပ်တစ်ခုမှ ကြီးမားတဲ့ အခန်းကဏ္ဍမှပါဝင်နေကြောင်းသတိထားမိမှာပါ။ 

သင်သည် Facebook မသုံးပဲနေနိုင်ပါသည်။ သို့သော် သင့် လှုပ်ရှားမှုတိုင်းသည် သတင်းအချက်အလက်များဖြစ်သည်။ သင့် တည်နေရာကို မဖော်ပြထားပါက Grabတို့ ၊ Uberတို့လို ဝန်ဆောင်မှုများကို သင် ရနိုင်မည်မဟုတ်ပေ။ သတင်းအချက်အလက်များပေးနေရခြင်းသည် ရှောင်လွှဲ၍ ရသော ကိစ္စတစ်ခုမဟုတ်ပေ။ လုပ်နိုင်သော ကိစ္စကတော့ ဘယ်လောက်ထိ အနည်းဆုံးလျှော့ပေးမလဲ ဆိုတာပဲဖြစ်ပါတယ်။ သင်ရောတစ်နေ့ကို ဘယ်လောက် သင့်အကြောင်းတွေပေးနေရလဲ သိပါသလား?