Browser လုံခြုံရေး ( တစ်ခွက် )

နေ့စဉ် မိမိတို့သည် browser မှတဆင့် Email စစ်ခြင်း၊ Facebook အကောင့်ဝင်ခြင်း၊ Website များ ထဲသို့ဝင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့သို့ပြုလုပ်ခြင်းသည် browser server များမှ မိမိ၏ အချက်အလက် များအား သိမ်းဆည်းရရှိထားနိုင်သည်။ အချိန်ကြာလာသည် နှင့်အမျှ မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက် ပေါက်ကြားသော ပြဿနာဖြစ်နိုင်စေပါသည်။ ထို့ကြောင့် မိမိ၏အကောင့်လုံခြုံရေး၊ မိမိ အချက်အလက်များအား သိမ်းဆည်းရရှိခံရမှုမှ ကင်းဝေစေရန် (သို့) အန္တရာယ်အားလျော့ချနိုင်ရန် browser မှ Email, Facebook စသော အကောင့်ဝင်ပြီးတိုင်း Logout ပြန်၍ ပြုလုပ်ခဲ့သင့်သည်။ မိမိ သိလိုသောအချက်လတ်များ ရှာထားသည့် Browsing History များအားလည်း တစ်ပတ် တစ်ခါ ( သို့ ) တစ်နေ့တစ်ခါ ရှင်းလင်းခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါသည်။
Browser history အားဖျက်နည်း
Chrome
Chrome > History > Clear Browsing Data > Time range > ( All time ) > Clear data > Clear
Chrome app ထဲသို့ဝင်ပါ။ Screen ၏ အောက်ဆုံးညာဘက်ထောင့် သို့မဟုတ် အပေါ် ညာဘက် ထောင့်တွင်ရှိသော အစက်သုံးစက် icon အားနှိပ်ပါ။ ထိုမှတဆင့် history ကိုနှိပ်ပါ။ ထို့နောက် Clear browsing data အားနှိပ်ပါ။ Time range မှတဆင့် မိမိပယ်ဖျက်လိုသော website၏ browsing ခဲ့သောအချိန်ကိုရွေး၍ ပယ်ဖျက်နိုင်ပါသည်။အချက်အလက်အားလုံးအားပယ်ဖျက်လိုပါက All time ကိုရွေးပါ။ Editမှတဆင့် မိမိပယ်ဖျက်လိုသော အချက်အလက်အားရွေးချယ်၍ ပယ်ချက်နိုင်ပါသည်။




မည်သည့်အတွက်ကြောင့် Browser History များရှင်းလင်းသင့်သည်ကို ဥပမာဖြင့် ဖော်ပြရလျှင်
ဖူးပွင့်သည် သွေးအားနည်းတတ်သည့်အတွက် ဖူးပွင့် မေမေသည် နေကြာစေ့စားခွင့်မပြုပါ ။ သို့သော် ဖူးပွင့်သည် နေကြာစေ့အရမ်းကြိုက်သည်။ နေကြာစေ့သည် သွေးအားနည်းခြင်းကိုလည်း ဖြစ်စေ ကြောင်း လေ့လာဖူးသည်။နေကြာစေ့စားနေသည် ကို သူ့အမေတွေ့သောအခါ ဖူးပွင့်သည်အဆူခံရမည်မှာ ကျိန်းသေသည်။ ထို့ကြောင့် ဖူးပွင့်သည် နေကြာစေ့ထုတ်များ ၊ နေကြာစေ့ခွံများကို စားပြီးသည်နှင့် သေချာဂရုစိုက်ရှင်းလင်းရန်လိုအပ်ပါသည်။
ဤဖြစ်စဥ်တွင် ဖူးပွင့်သည် အသုံးပြုသူ ၊ နေကြာစေ့ခွံများသည် Browser History ဖြစ်သည်။