Blackmail

အီးမေးနှင့်စာပို့စနစ် ( နှစ်ခွက် )

Blackmail သည် လူတစ်ဦးနှင့်တစ်ဦးချင်းဆီ၏ သတင်းအချက်အလက်တွေ၊ လူသိမခံဝံ့သောအကြောင်းအရာတို့ကို အသုံးပြု၍ အကျပ်ကိုင်သော ချိန်းခြောက်မှုဖြစ်သည်။ မိမိကိုယ်တိုင်ကိုသာမက အဖွဲ့အစည်းတွေ၊ မိသားစုတွေဆီကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပြီး ချိန်းခြောက်နိုင်ပါသည်။ ချိန်းခြောက်တဲ့အခါတွင် မိမိသို့မဟုတ် မိမိနှင့်နီးစပ်သူများ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊စိတ်ထိခိုက်မှုတွေ၊ပြစ်မှုဆိုင်ရာတရားစွဲဆိုမှုတွေကိုအသုံးပြု၍ ချိန်းခြောက်မှုမျိုးတွေ ပါဝင်နိုင်သည်။၎င်းသည်ပုံမှန်အားဖြင့်ရာထူး၊ငွေကြေးသို့မဟုတ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အကျိုးစီးပွားအတွ က်ပြုလုပ်သည်။ထိုချိန်းခြောက်မှုများသည် အရင်က တခြားနိုင်ငံများတွင် ဖြစ်နေတာကိုပဲသိရပြီး ယခုအခါ မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်နေတာကိုတွေ့ရပါသည်။ Simcard တွေများလာပြီး အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုလို့ရနေတဲ့အချိန်မှာ အွန်လိုင်းအသုံးပြုပုံ ဗဟုသုတ နည်းပါးခြင်းကြောင့် facebook ပေါ်မှာ မိန်းကလေးတစ်ချို့ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းခံရတာကိုလည်း တွေ့ရပါသည်။ ဒီလိုချိန်းခြောက်မှုတွေခံရတဲ့ လူတစ်ယောက်အတွက် ကြောက်ဖို့အကောင်းဆုံးဖြစ်ပြီး ဘာဆက်လုပ်ရမလဲမသိပဲ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်ပြီး နောက်ဆုံးသတ်သေတဲ့အထိ ဖြစ်နိုင်ပါသည်။ Social Mediaတွင် blackmail ကြောင့်ခံရသူအရေအတွက်မှာ တိုးတက်လျှက်ရှိသည်။ ဒီလိုဖြစ်နေတာတောင်မှ blackmailနှင့်ပတ်သက်ပြီး သုတေသန အားထုတ်မှုတွေက အနည်းငယ်သာရှိသေးပါသည်။

Blackmail ကာကွယ်ရန်နည်းလမ်းများ

  1. Handling Blackmail
    • Blackmail ပို့ခံရပါက ပတ်ဝန်းကျင်ကို အကဲဖြတ်ပါ။ ဒီလိုအအခြေအနေမျိုးတွင် ကိုယ့်ကိုကိုယ်အရိုးသားဆုံးနှင့် ပြန်လည်ဆန်းစစ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် blackmailer ကသင့်ကို ချိန်းခြောက်နေတာက မှားယွင်းနေတဲ့သတင်းအချက်အလက်ဖြစ်သလားဆိုတာကိုကိုယ်ကိုယ့်ကိုပြန်မေးပါ။
    • Blackmailer သည် သင်၏ သူငယ်ချင်း၊ အတန်းဖော်၊ ရည်စားဟောင်းအပြင် မိသားစုအတွင်းကပါဖြစ်နိုင်ပါသည်။ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကိုချဉ်းကပ်ဖို့ခက်ခဲနိုင်ပါသည်။
    • အကယ်၍ ဒီအခြေအနေမှာ မျက်နှာချင်းဆိုင်‌ြေဖရှင်းဖို့ စိုးရိမ်စိတ်များရှိနေပါက မိမိအယုံကြည်ရဆုံးနှင့် စိတ်ချရသော သူငယ်ချင်းဆီမှာ အကြံအဉာဏ်များ တောင်းယူနိုင်ပါသည်။
    • သင်၏သတင်းအချက်အလက်များကို သိသိသာသာ ချိန်းခြောက်ခြင်းမခံရသေးပါက သူအခွင့်အရေးကို မရခင်ကိုယ်ကိုတိုင် ထုတ်ဖော်ပြောကြားပါ။
    • သင်နှင့် blackmailer ကြားက ရှင်းလင်းပြတ်သားသောပုံများ သို့မဟုတ် မှတ်တမ်းများကိုထိန်းသိမ်းထားပါ။ voice mails and record phone call များကို သိမ်းထားပါ။
    • သင်၏သတင်းအချက်အလက်များကို ထုတ်ဖော်ဖို့ ချိန်းခြောက်ခံနေရပြီဆိုတာ သိလျှင် ဥပဒေရုံးသို့တိုင်ကြားပါ။ရှေ့နေတွေကသင့်ကို ကာကွယ်ပေးပါလိမ့်မယ်။
    • လက်စားချေတာတွေ၊ မိုက်မိုက်ကန်းကန်းတွေကို မပြုမူပါနှင့်။ အမှားကျူးလွန်သူကို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ပေးပါလိမ့်မည်။
    • သင်၏အထိအခိုက်မခံသောသတင်းအချက်အလက်များကို Bankတွင်ရှိသော deposit box များတွင်သိမ်းဆည််းနိုင်သည်။ တစ်ချို့အရေးမကြီးသော စာရွက်စာတမ်းများကို ဖျက်စီးပစ်ပြီး အရေးကြီးသော စာရွက်စာတမ်းများကို သိမ်းထားပါ။
    • စာရွက်ဖျက်စက်သည် အထိအခိုက်မခံသော စာရွက်စာတမ်းများ၊ မလိုအပ်တော့တဲ့ ဖြတ်ပိုင်းများ၊ နှစ်ခုဖြစ်နေတဲ့ မှတ်တမ်းများ၊ ရက်လွန်နေသာအကြွေးဝယ်ကဒ်များအတွက် ဖျက်စီးပေးနိုင်သည့်အလုံခြုံဆုံးသော စက်ဖြစ်သည်။
  2. Protecting Digital and Online Information Against Blackmail
    • သင်၏ password ကို စကားပြောခန်း ဒါမှမဟုတ် e-mail တွင်ပို့ခြင်းများမပြုလုပ်သင့်ပါ။
    • သင်တစ်ချို့ website တွေကိုဝင်ကြည့်တဲ့အခါမှာ browsers ကနေ password save ရန်အတွက် ရွေးချယ်ခိုင်းပါလိမ့်မည်။ တကယ်လို့သင်က တခြားသူရဲ့ ကွန်ပျူတာကိုယူသုံးနေတာဆိုလျှင် သင်၏bank info,e-mail, personal data တွေကို တခြားသူကမြင်သွားပါလိမ့်မည်။
    • သင်၏ အရေးကြီးသော ဖိုင်များကို password ထားခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
    • သင်၏အိမ်မှာ တပ်ထားသော wi-fi ကလွဲရင် တခြားမပေးရသော wi-fi များကို အသုံးပြုခြင်းသည် သင်၏ data များကို တခြားတစ်ယောက်ယောက်က ရသွားနိုင်သည်။
    • Phishing ဆိုသည်မှာတရားဝင်ပုဂ္ဂိုလ်တစ် ဦး၊ ၀က်ဘ်ဆိုက်တစ်ခု သို့မဟုတ်သင်ယုံကြည်ရသော၀န်ဆောင်မှုပေးသူတစ် ဦးထံမှ e-mail တစ်စောင်ရသောအခါ ကိုယ်ရေးကိုယ်တာအကောင့်အချက်အလက်များကိုတောင်းခံခြင်းဖြစ်သည်။