Android စနစ် နှင့် လုံခြုံရေးအကြောင်း

မိုဘိုင်းဖုန်းလုံခြုံရေး ( တစ်ခွက် )

Android စနစ် လုံခြုံရေးအကြောင်း

Android စနစ်ဆိုသည်မှာ Linux စနစ် ကို အခြေခံတည်ဆောက် ထားပြီး ကနဦး အားဖြင့် မိုဘိုင်းလ်ဖုန်းများ နှင့် အိတ်ဆောင် ကွန်ပျူတာများအတွက် ဖန်တီးထား တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ မိမိဖုန်း နှင့် အိတ်ဆောင် ကွန်ပျူတာများတွင်ပါဝင်သောလုံခြုံရေးပရိုဂရမ်များသည် မိမိဖုန်း နှင့် အိတ်ဆောင် ကွန်ပျူတာများထဲသို့ ဝင်ရောက်လာသော မလိုအပ်သော Virus နှင့် Malware ချိန်းခြောက်မှုများမှကာကွယ်ပေးသည်။

Screen Lock ထားပါ။

မူလအားဖြင့် Screen အား ဖွင့်သော အခါတွင် Screen lock မလိုပါ။ သို့သော် ထိုသို့ထားခြင်းအားဖြင့်သင့်ဖုန်း အတွင်း ရှိ ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ ၊ သင် မက်ဆေ့များအားမည်သူမဆိုဝင်ရောက်ဖတ်ရှုနိုင်သည့်သဘောဖြစ်နေသည်။ ထိုသို့မဖြစ်ရန် သင်၏ Andriod စနစ်အတွင်း ပါဝင်ပြီးသားဖြစ်သည့် Screen lock ဖြင့်ကာကွယ်နိုင်ပါသည်။ Screen Lock ကို Pattern ဖြင့်လည်းကောင်း ၊ Password ဖြင့်လည်းကောင်း ၊ Code ဖြင့်လည်းကောင်း ၊ Fingerprint ဖြင့်လည်းကောင်း ထားရှိနိုင်ပါသည်။

Android version အား အစဉ်အမြဲ Update လုပ်ပါ။

Version Update လုပ်ခြင်းအားဖြင့် သင်၏ စက်ပစ္စည်းအား ခေတ်​‌ပေါ် လုံခြုံရေးချိုးဖောက်တိုက်ခိုက်မှုများမှ ကာကွယ်ပေးနိုင်ပါတယ်။

Application များ အား ဒေါင်းလုဒ်ဆွဲရာနှင့် ( Install ) တပ်ဆင်ရာ တွင် သတိပြုပါ။

Play Store မှ Application များ သည် အများအားဖြင့်လုံခြုံစိတ်ချရမှုရှိလေ့ရှိသည်။ သို့သော် အခြားသော ဝက်ဘ်ဆိုဒ်များ လင့်ခ် များမှတစ်ဆင့် ဒေါင်းလုဒ်ဆွဲရာတွင် မူ လုံခြုံစိတ်ချရမှုရှိမရှိကို သတိပြုသင့်ပါတယ်။ Application များကို install လုပ်သောအခါတွင်လည်း မလိုအပ်သော permission များခွင့်ပြုခြင်းမှ ရှောင်ကြည် သင့်ပါတယ်။ တချို့သော application များမှပို့လာသော link များ၊ သတင်းပေးချက်များကိုလည်း စစ်ဆေးပြီးမှ နှိပ်ကြည့်သင့်ပါတယ်။