AI ဆိုတာဘာလဲ

အထွေထွေဆောင်းပါး ( နှစ်ခွက် )

lackmail သည် လူတစ်ဦးနှင့်တစ်ဦးချင်းဆီ၏ သတင်းအချက်အလက်တွေ၊ လူသိမခံဝံ့သောအကြောင်းအရာတို့ကို အသုံးပြု၍ အကျပ်ကိုင်သော ချိန်းခြောက်မှုဖြစ်သည်။ မိမိကိုယ်တိုင်ကိုသာမက အဖွဲ့အစည်းတွေ၊ မိသားစုတွေဆီကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပြီး ချိန်းခြောက်နိုင်ပါသည်။ ချိန်းခြောက်တဲ့အခါတွင် မိမိသို့မဟုတ် မိမိနှင့်နီးစပ်သူများ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊စိတ်ထိခိုက်မှုတွေ၊ပြစ်မှုဆိုင်ရာတရားစွဲဆိုမှုတွေကိုအသုံးပြု၍ ချိန်းခြောက်မှုမျိုးတွေ ပါဝင်နိုင်သည်။၎င်းသည်ပုံမှန်အားဖြင့်ရာထူး၊ငွေကြေးသို့မဟုတ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အကျိုးစီးပွားအတွ က်ပြုလုပ်သည်။ထိုချိန်းခြောက်မှုများသည် အရင်က တခြားနိုင်ငံများတွင် ဖြစ်နေတာကိုပဲသိရပြီး ယခုအခါ မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်နေတာကိုတွေ့ရပါသည်။ Simcard တွေများလာပြီး အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုလို့ရနေတဲ့အချိန်မှာ အွန်လိုင်းအသုံးပြုပုံ ဗဟုသုတ နည်းပါးခြင်းကြောင့် facebook ပေါ်မှာ မိန်းကလေးတစ်ချို့ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းခံရတာကိုလည်း တွေ့ရပါသည်။ ဒီလိုချိန်းခြောက်မှုတွေခံရတဲ့ လူတစ်ယောက်အတွက် ကြောက်ဖို့အကောင်းဆုံးဖြစ်ပြီး ဘာဆက်လုပ်ရမလဲမသိပဲ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်ပြီး နောက်ဆုံးသတ်သေတဲ့အထိ ဖြစ်နိုင်ပါသည်။ Social Mediaတွင် blackmail ကြောင့်ခံရသူအရေအတွက်မှာ တိုးတက်လျှက်ရှိသည်။ ဒီလိုဖြစ်နေတာတောင်မှ blackmailနှင့်ပတ်သက်ပြီး သုတေသန အားထုတ်မှုတွေက အနည်းငယ်သာရှိသေးပါသည်။ Blackmail ကာကွယ်ရန်နည်းလမ်းများ Handling Blackmail Blackmail ပို့ခံရပါက ပတ်ဝန်းကျင်ကို အကဲဖြတ်ပါ။ ဒီလိုအအခြေအနေမျိုးတွင် ကိုယ့်ကိုကိုယ်အရိုးသားဆုံးနှင့် ပြန်လည်ဆန်းစစ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် blackmailer ကသင့်ကို ချိန်းခြောက်နေတာက မှားယွင်းနေတဲ့သတင်းအချက်အလက်ဖြစ်သလားဆိုတာကိုကိုယ်ကိုယ့်ကိုပြန်မေးပါ။ Blackmailer သည် သင်၏ သူငယ်ချင်း၊ အတန်းဖော်၊ ရည်စားဟောင်းအပြင် မိသားစုအတွင်းကပါဖြစ်နိုင်ပါသည်။ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကိုချဉ်းကပ်ဖို့ခက်ခဲနိုင်ပါသည်။ အကယ်၍ ဒီအခြေအနေမှာ မျက်နှာချင်းဆိုင်‌ြေဖရှင်းဖို့ စိုးရိမ်စိတ်များရှိနေပါက မိမိအယုံကြည်ရဆုံးနှင့် စိတ်ချရသော သူငယ်ချင်းဆီမှာ အကြံအဉာဏ်များ တောင်းယူနိုင်ပါသည်။ သင်၏သတင်းအချက်အလက်များကို သိသိသာသာ ချိန်းခြောက်ခြင်းမခံရသေးပါက သူအခွင့်အရေးကို မရခင်ကိုယ်ကိုတိုင် ထုတ်ဖော်ပြောကြားပါ။ သင်နှင့် blackmailer ကြားက ရှင်းလင်းပြတ်သားသောပုံများ သို့မဟုတ် မှတ်တမ်းများကိုထိန်းသိမ်းထားပါ။ voice mails and record phone call များကို သိမ်းထားပါ။ သင်၏သတင်းအချက်အလက်များကို ထုတ်ဖော်ဖို့ ချိန်းခြောက်ခံနေရပြီဆိုတာ သိလျှင် ဥပဒေရုံးသို့တိုင်ကြားပါ။ရှေ့နေတွေကသင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ လက်စားချေတာတွေ၊ မိုက်မိုက်ကန်းကန်းတွေကို မပြုမူပါနှင့်။ အမှားကျူးလွန်သူကို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ပေးပါလိမ့်မည်။ Protecting Physical Against by Blackmail သင်၏အထိအခိုက်မခံသောသတင်းအချက်အလက်များကို Bankတွင်ရှိသော deposit box များတွင်သိမ်းဆည််းနိုင်သည်။ တစ်ချို့အရေးမကြီးသော စာရွက်စာတမ်းများကို ဖျက်စီးပစ်ပြီး အရေးကြီးသော စာရွက်စာတမ်းများကို သိမ်းထားပါ။ စာရွက်ဖျက်စက်သည် အထိအခိုက်မခံသော စာရွက်စာတမ်းများ၊ မလိုအပ်တော့တဲ့ ဖြတ်ပိုင်းများ၊ နှစ်ခုဖြစ်နေတဲ့ မှတ်တမ်းများ၊ ရက်လွန်နေသာအကြွေးဝယ်ကဒ်များအတွက် ဖျက်စီးပေးနိုင်သည့်အလုံခြုံဆုံးသော စက်ဖြစ်သည်။ Protecting Digital and Online Information Against Blackmail သင်၏ password ကို စကားပြောခန်း ဒါမှမဟုတ် e-mail တွင်ပို့ခြင်းများမပြုလုပ်သင့်ပါ။ သင်တစ်ချို့ website တွေကိုဝင်ကြည့်တဲ့အခါမှာ browsers ကနေ password save ရန်အတွက် ရွေးချယ်ခိုင်းပါလိမ့်မည်။ တကယ်လို့သင်က တခြားသူရဲ့ ကွန်ပျူတာကိုယူသုံးနေတာဆိုလျှင် သင်၏bank info,e-mail, personal data တွေကို တခြားသူကမြင်သွားပါလိမ့်မည်။ သင်၏ အရေးကြီးသော ဖိုင်များကို password ထားခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ သင်၏အိမ်မှာ တပ်ထားသော wi-fi ကလွဲရင် တခြားမပေးရသော wi-fi များကို အသုံးပြုခြင်းသည် သင်၏ data များကို တခြားတစ်ယောက်ယောက်က ရသွားနိုင်သည်။ Phishing ဆိုသည်မှာတရားဝင်ပုဂ္ဂိုလ်တစ် ဦး၊ ၀က်ဘ်ဆိုက်တစ်ခု သို့မဟုတ်သင်ယုံကြည်ရသော၀န်ဆောင်မှုပေးသူတစ် ဦးထံမှ e-mail တစ်စောင်ရသောအခါ ကိုယ်ရေးကိုယ်တာအကောင့်အချက်အလက်များကိုတောင်းခံခြင်းဖြစ်သည်။ Source from- https://www.wikihow.com/Deal-With-Blackmail#/Image:Deal-With-Blackmail-S...