အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲ

လူမှုကွန်ရက်လုံခြုံရေး ( သုံးခွက် )

အင်တာနက်သည် ကွန်ပျူတာများစွာကို ချိတ်ဆက်ထားသော ကွန်ရက်တစ်ခုဟု အလွယ်ပြောနိုင်ပါတယ်။ ကွန်ပျူတာများတွင် IP Address ဟုခေါ်သော စက်ပစ္စည်းတစ်ခုချင်းစီတိုင်း၏ အမှတ်အသားများကို လမ်းကြောင်းများစွာဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။အင်တာနက်သည်ကမ္ဘာအနှံ့မှသတင်းအချက်အလက် များကို သယ်ဆောင်ချိတ်ဆက်ပေးသည့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အင်တာနက်ကို အင်တာနက်ကေဘယ်ကြိုးများ၊ ဂြိုလ်တုများ မှတစ်ဆင့်လည်း ရယူနိုင်ပါတယ်။ အင်တာနက်ကေဘယ်ကြိုးများ ကိုသမုဒ္ဒရာကြမ်းခင်းများမှလည်း ချိတ်ဆက်ထားကြသည်။

ကျွန်တော်တို့ ဖုန်းထဲကို အင်တာနက် ဘယ်လိုရောက်လာသလဲ။

အင်တာနက်ကေဘယ်ကြိုးများမှတစ်ဆင့် ကျွန်တော်တို့အင်တာနက်ကို အသုံးပြုခွင့်ရနေပါသည်။ သို့သော် ကြားတွင် အဆင့်များစွာကို ဖြတ်သန်းလာရပါသေးတယ်။ အင်တာနက် ကေဘယ်ကြိုးများကို National Gate Way မှ တစ်ဆင့်အရင်ဖြတ်ကျော်ရပါသည်။ ထို့နောက် ကျွန်တော်တို့ နိုင်ငံတွင်းရှိ ISP လို့ခေါ်သော Internet Service Provider များ ( ဉပမာ - Telelnor, MPT, Ooredoo, Mytel ) စသည်တို့ကို ဖြတ်သန်းရပါသည်။ ISP များမှ Tower တိုင်များ ၊ Tower တိုင်များမှ တစ်ဆင့် ကျွန်တော်တို့ ဖုန်းထဲရှိ SIM Card ဖြင့် ချိတ်ဆက်ပြီး အင်တာနက်ကို ရရှိပါသည်။ WIFI သုံးသည်ဆိုရင်လည်း WIFI Router နောက်တွင် ISP တစ်ခုရှိ၍သာ Internet ချိတ်ဆက်အသုံးပြုနိုင်ခြင်းဖြစ်သည်။

WWW ဆိုတာဘာလဲ

WWW ဆိုတာကတော့ World Wide Website ဖြစ်ပါတယ်။အင်တာနက်ပေါ်ပေါက်လာပြီးနောက်ပိုင်း ၁၉၉၂ ခုနှစ်လောက်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ်တွင် Websites များသည် အလွန်အသုံးများလာကြပြီဖြစ်ပါသည်။ အင်တာနက် နှင့် WWW ကို လူအများစုက ရောကြပါသည်။ နှစ်ခုသည် မတူညီပါ။ အင်တာနက်သည် စက်ပစ္စည်းများ အချင်းချင်းချိတ်ဆက်ထားသော ကွန်ရက်ဖစ်သည်။ WWW ကို ဖွင့်ရန် Browser တစ်ခုခုမှ တစ်ဆင့် သူရှိရာသို့ သွားရခြင်းဖြစ်သည်။ အင်တာနက် ဆိုတာ သုံးနေတာကြာပြီ တစ်ခါမှလည်း အင်တာနက်ဆိုတာ မမြင်ဖူးသေးဘူးကွယ်လို့ ဆိုသူတွေအတွက် ကြိုးစားပြီး ရှင်းပြပါအုံးမယ် ။

ဖြစ်စဥ် ( ၁ )

မအေး သည် ရွာသူကြီးမ ဖြစ်သည်။ သူတို့ရွာလေးသည် မည်သည့် မြို့နှင့်မျှ လမ်းပန်းဆက်သွယ်ရေး မပေါက်ပါ။ ထို့ကြောင့် မအေးသည် နိုင်ငံအနှံ့သို့ ချိတ်ဆက်နိုင်ရန် ကြိုးစားဖို့လိုအပ်သည်။

လမ်းမကြီး ၁ သည် မြန်မာနိုင်ငံ အထက်ပိုင်း မြို့များသို့ လမ်းပေါက်သည်

လမ်းမကြီး ၂ သည် မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အောက်ပိုင်း မြို့များသို့ လမ်းပေါက်သည်

လမ်းသွယ် ၃ သည် လမ်းမကြီး ၁ နှင့် ၂ သို့ ချိတ်ဆက်ထားသည်။

ထို့ကြောင့် မအေးသည် ရွာသည် လမ်းသွယ် ၃ နှင့် အနီးဆုံးဖြစ်၍ ယင်းလမ်းကို ချိတ်ဆက်သော ရွာမြေနီလမ်းလေးဖောက်လိုက်သည်။ ထို့ကြောင့် မအေး တို့ တစ်ရွာလုံး နိုင်ငံအနှံ့ သွားနိုင်သွားသည်။ လေဆိပ်မှ တစ်ဆင့်လည်း ကမ္ဘာအနှံ့သို့ ခြေဆန့် ကြအုံးမည် ဖြစ်သည်။

မအေးတို့ အိမ်နီးချင်း ရွာလေးများမှလည်း မအေးနည်းတူ လမ်းသွယ်လေးများ ဖောက်၍ ကမ္ဘာအနှံ့သို့ ဆက်သွယ်ကြသည်။

အထက်ပါဖြစ်စဥ်သည် အင်တာနက်ပေါ်တွင် နိုင်ငံအနှံ့မှ လူများ အထူးသဖြင့် ကွန်ပျူတာ များ ချိတ်ဆက်ထားကြပုံမျိုးပင်ဖြစ်သည်။ မိမိ နိုင်ငံ အသီးသီးမှ Gate Way များမှ တစ်ဆင့် အင်တာနက် ကေဘယ်ကြီးများသို့ သွားရောက်ချိတ်ဆက် ပြီး ကွန်ရက်များထဲရှိ မည်သည့် နိုင်ငံမှ မည်သည့် ကွန်ပျူတာမဆို စာပို့လို့ရ ခြင်းသည် မအေးတို့ ရွာကလေး လမ်းမကြီးနှင့် ချိတ်ဆက်ခြင်း နည်းတူပင်ဖြစ်သည်။