ဟက်ခ် တယ်ဆိုတာ ဘာလဲ ဘယ်လိုရှောင်မလဲ ( Hacking)

လူမှုကွန်ရက်လုံခြုံရေး ( သုံးခွက် )

What is hacking

မိမိ အကောင့်တွေ Hack ခံရပြီဟု ဆိုလျှင် Hacking လုပ်သူအများစုမှာ နည်းပညာကိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြု၍ Computer များ၊ Server များကို Hack တာပဲလိိုု့ သူငယ်ချင်း စိတ်ထဲမှာတွေးကောင်းတွေးနိုင် ပါတယ်။ သို့သော် အများအားဖြင့် Server Network များကတော့ မိမိတို့အား အကောင်းဆုံးအတတ်နိုင်ဆုံး ကာကွယ်ထားမည်ဖြစ်သော်လည်း အသုံးပြုသူများ၏ တစ်ဦးချင်း ဒစ်ဂျစ်တယ် လုံခြုံရေး ပေါ့ဆမှုကြောင့် ရရှိလာသောအကျိူးဆက်များအဖြစ် Hacker များအသုုံးပြုသူတို့၏အမူအကျင့်များကိုခန့်မှန်း၍ အကောင့်များ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူနေခြင်းဖြစ်သည်။၎င်းကို Social Engineering ဟုလည်း ခေါ်သည်။

ဘယ်လိုအခြေအနေတွေမှာ Social Engineering လွယ်လွယ်ကူကုူလုပ်ခံရနိုင်သလဲ

အကယ်၍ ကိုယ့်ရဲ့ Facebook account password က ကိုယ် အကြိုက်ဆုံး ‌ဘောလုံးအသင်းနာမည် ပါနေတာမျိုး ၊ ကိုယ်ရဲ့ ဖုန်းနံပါတ်ကို Password အဖြစ်ထားထားတာမျိုး အစရှိတဲ့ အင်မတန် ရိုးရှင်းတဲ့ အဆင့်လေးတွေကမှ တစ်ဆင့် အကောင့်တွေ ပါသွားတာမျိုးလဲဖြစ်တတ်ပါတယ်။

တစ်ခါတစ်လေ မှာလည်း လုံခြုံရေး ကင်မရာ အောက်တည့်တည့်မှာ ကိုယ့်ရဲ့ Password ကို ရိုက်နေမိတာမျိုး ဆိုရင်လည်း အခြားသူတွေက ကိုယ့်စကားဝှက်ကို သိသွားနိုင်ပါသေးတယ်။ အကယ်၍ ကိုယ့်စကားဝှက်က အလွန်ရိုးရှင်းသော 11111111 or Password1234 အစရှိတာတွေဆိုရင်တော့ လူတိုင်းနီးပါက ခန့်မှန်းလို့ရနိုင်တဲ့ အတွက် ပိုလို့လွယ်ကူစွာ Hack လုပ်ခြင်းခံရနိုင်ပါတယ်

ဘယ်လို ကာကွယ်ကြမလဲ ဆိုရင်ဖြင့် အခြေခံအားဖြင့်တော့ အောက်က အဆင့် ၃ ဆင့်အတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆို အလွယ်တကူ Hack လို့ရတဲ့ ပစ်မှတ်တစ်ခု ဘဝကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်ိ

အဆင့် ၁ ။ ကောင်းမွန်ခိုင်မာသော စကားဝှက်များ ထားခြင်းနှင့် ပုံမှန်ပြောင်းလဲပေးခြင်း။
အဆင့် ၂ ။ Phishing Attack များ၏ လှည့်စားမှုအား သတိပြုရှောင်ကြဥ်ခြင်း။
အဆင့် ၃ ။ ဒစ်ဂျစ်တယ်လုံခြုံရေး အလေ့အထကောင်းများ ကျင့်သုံးခြင်း။

နောက်ဆက်တွဲဖတ်ရှုရန်များ -
What is Phishing and How to Prevent Phishing , ဒစ်ဂျစ်တယ်လုံခြုံရေးအလေ့အထများ , Wifi and Security , password