ဝိုင်ဖိုင်လုံခြုံရေးသိကောင်းစရာများ

Browser လုံခြုံရေး ( နှစ်ခွက် )

Wifi and Security

သင်တို့၏ အိမ်တွင်အခကြေးငွေပေးဆောင်၍တပ်ဆင်ထားသောမိသားစုသုံး wifi စက်များသည် ပြသနာမရှိလှသော်လည်း အလွယ်တကူချိတ်ဆက်အသုံးပြုနိင်သောအများသုံး wifi များသည် မလုံခြုံပေ။ယခုခေတ်အခါတွင် နေရာတိုင်းတွင် wifi အသုံးပြုမှုတိုးတတ်လာသည်နှင့်အမျှ wifi အသုံးပြု၍ မသမာသူများက Phishing, Hacking,Tracking လုပ်ခြင်းများကိုလုပ်နေနိုင်ကြပီဖြစ်သည်။ အထူးသဖြင့် public wifi များကိုအသုံးပြု၍ မိမိ၏ထိန်းသိမ်းထားသင့်သည့်အရေးကြီးသော ကိုယ်ရေးကိုယ်တာ နှင့်ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို မလုပ်ဆောင်သင့်ပါ။ Public wifi များကိုအသုံးပြု၍မသမာသူများက သင်တို့ထည့်လိုက်သောအကောင့်များ၏ password၊ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များ၊မိုဘိုင်းဖုန်း ကွန်ပျူတာများမှ data များကိုရယူနိုင်သည်။ထို့အပြင်မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူကာ မကောင်းသောနေရာများတွင်အသုံးချနိုင်သည်။

ဟိုတယ်၊ စားသောက်ဆိုင် ၊ ကော်ဖီဆိုင်များတွင် password သိမှအသုံးပြုနိုင်သည့် wifi များသည် အတန်အသင့်လုံခြုံလှသည်။ အများသုံးနေရာများတွင် အမည်မသိ၊အတားအဆီးမရှိအသုံးပြုနိင်သော wifi များကိုအသုံးပြုခြင်းထက် မိမိ၏ကိုယ်ပိုင် mobile data hotspot ( မိမိ၏ mobile setting ထဲမှ network setting တွင်ရှိသော Portable wifi Hospot ကိုဆိုလိုခြင်းဖြစ်သည်။ မိမိဖုန်း၏ internet data ကိုပွားယူမျှဝေ အသုံးပြုခြင်း) ကိုဖွင့်၍အသုံးပြုသင့်သည်။ဖြစ်နိုင်လျှင် ထိုု Public Wifi များကိုအသုံးပြုခြင်းကိုနည်းနိုင်သမျှ နည်းအောင်လျှော့ချခြင်းသည်အကောင်းဆုံးဖြစ်သည်။

မိမိတို့၏ကိုယ်ပိုင် Data ကိုဖွင့်၍အသုံးမပြုနိုင်သော နိုင်ငံရပ်ခြားရောက်ရှိနေသောအခါ လေဆိပ် သို့ ပန်းခြံကဲ့သို့သော အများသုံးနေရာများတွင် မဖြစ်မနေထိုနေရာများရှိ wifi များကိုအသုံးပြုရတော့မည်ဆိုလျှင် VPN ခံ၍အသုံးပြုသင့်သည်။ မလုံခြုံသော wifi network များကို အလိုအလျှောက်မချိတ်ဆက်မိစေရန် မလိုအပ်သောအချိန်များတွင် wifi ကိုပိတ်ထားသင့်သည်။