လုံခြုံသော ဆက်သွယ်ရေး စနစ်တစ်ခုအကြောင်း

လူမှုကွန်ရက်လုံခြုံရေး ( တစ်ခွက် )

Communication Security

မဂ်လာပါ လုံလုံခြုံခြုံ ဆက်သွယ်ပြောဆိုလိုတဲ့ သင့်ကို ဒစ်ဂျစ်တယ် လဖက်ရည်ဆိုင်မှ ကြိုဆိုပါတယ်

ဆက်သွယ်ရေး ဆိုတာ ဘာလဲလို့ မေးလိုက်မယ်ဆိုရင် လူတွေအနေနဲ့ နေ့စဉ်စကားပြောတယ် ၊ နေ့တိုင်းမှာ စာပို့တယ် ၊ ဖုန်းခေါ်တယ် ၊ အီးမေးလ် ပို့တယ် ၊ ဗီဒီယို ဖုန်းခေါ်ဆိုမှုတွေလုပ်ကြတယ် လို့ ပြောရမှာဖြစ်ပါတယ်။

ကိုယ်တွေပို့ခဲ့တဲ့ စာတွေ ၊ ပြောခဲ့တဲ့ စကားတွေ ၊ အလုပ် အီးမေးလ်တွေအားလုံးရဲ့ လုံခြုံရေးဟာ အရေးကြီးပြီး ဒါတွေကို လုံခြုံအောင် ပြုလုပ်ခြင်းကို Communication Safety Practices ( လုံခြုံသော ဆက်သွယ်ရေး အလေ့အကျင့်ကောင်းများ) လို့ခေါ်ဆိုနိုင်ပါတယ်။

အခမဲ့ အသုံးပြုနေရသော ဆက်သွယ်ရေး ဝန်ဆောင်မှုများ အား သတိပြုခြင်း

အကယ်၍ မြန်မာနိုင်ငံမှာ အသုံးအများဆုံး ဆက်သွယ်ရေး အက်ပလီကေးရှင်းများမှာ Messenger / G Mail / Viber / Text Message (SMS) / Phone Call အစရှိသည်တို့ဖြစ်သည်။ သို့သော် ထိုအသုံးပြုမှုများအတွက် ငွေကြေးပေးရခြင်းမျိုးမရှိပါ။အခမဲ့ အသုံးပြုနေရခြင်း ဖြစ်သည်။

သို့သော် အပြန်အလှန်အားဖြင့် ထိုဝန်ဆောင်မှုပေးသော ကုမ္မဏီများမှအသုံးပြုသူများ၏ ဒေတာအချက်အလက် များအား အခမဲ့ရယူပြီး ပြန်လည်ရောင်းချခြင်းအစရှိတဲ့ အသုံးပြုသူများသတိမထားမိသည့် အကျိုးအမြတ်ရရှိ သည့် လုပ်ငန်းများအားပြုလုပ်လျက်ရှိသည်။ ထို့သို့သောရောင်းချခြင်းအားလည်း ဝန်ဆောင်မှုများကိုစတင် အသုံးပြုစဉ်ကတည်းက ၎င်းတို့မှတောင်းသော Permission များကို မိမိသတိမပြုလိုက်ပဲ I Agree / I Accept အစရှိသဖြင့် မိမိ ကိုယ်တိုင်ခွင့်ပြုပေးပြီး ဖြစ်သည်။

ထို့ကြောင့် မိမိ နေ့စဉ်ပြောဆိုနေသော Messenger မှ စကားများ၊ Gmail မှ စာများသည် မိမိ နှင့် အခြားတစ်ဖက် မှ တစ်ဦးအတွက်သာ မဟုတ်ပဲ ကြားခံများမှ မြင်တွေနေရခြင်းကြောင့် မိမိ အနေဖြင့်အန္တရာယ် ရှိနိုင်သော ၊ အရှက်ကွဲနိုင်သောဓာတ်ပုံများ စာများ ပြောဆိုမှုများ အစရှိသည်တို့ကို မလုံခြုံသည့် ကြားခံများအား အသုံးပြုပြီး ဆက်သွယ်ပေးပို့ခြင်းမျိုးများအား လုံးဝရှောင်ရှားသင့်ပါသည်။

ကောင်းမွန်သော အလေ့အထများ

  1. အခမဲ့ အသုံးပြုခွင့်ရတဲ့ ဝန်ဆောင်မှုတွေမှာ အသုံးမပြုခင် မူဝါဒတွေကို လေ့လာဖတ်ရှုကြည့်မယ်ဆိုရင် အသုံးပြုသူတစ်ဦးအနေဖြင့် သတိထားသင့်တာတွေကို သိရှိရမှာ ဖြစ်တဲ့ အတွက် I Agree , I accept မနှိပ်ခင်တွင် သတိထားဖတ်ရှုပါ။
  2. အသုံးပြုသူ User များ၏ ဒေတာများအား အခြားသူများမှ မရရှိနိုင်သော Encryption System အသုံးပြုသည့် Communication App များကို သာ အသုံးပြုပါ။
  3. အရေးကြီးသော အချက်အလက်များ End to End Encryption ပါဝင်သည့် Secure Chat များတွင် သာ ပေးပို့ပါ။
  4. မိမိ နှင့် မိမိ စာပို့လိုသူ နှစ်ဦိးသာ နားလည်သည့် လျှို့ဝှက်ကုဒ်စနစ်များအားလည်း အသုံးပြုနိုင်ပါသည်။
  5. အီးမေးလ်မှ ပေးပို့ရမည်ဆိုလျှင် Zip File ပြုလုပ်၍ စကားဝှက်ထားကာ ပေးပို့ခြင်းဖြင့်လည်းလုံခြုံစွာ ပေးပို့နိုင်သည်။
  6. Microsoft Office 2007 နောက်ပိုင်းများတွင်လည်း စာဖိုင်များအား စကားဝှက်ထား၍ လုံခြုံစွာပေးပိုနိုင်သည်။