လုံခြုံစိတ်ချရသော အီးမေးလ်စနစ် မိတ်ဆက် ( Proton-Mail)

အီးမေးနှင့်စာပို့စနစ် ( သုံးခွက် )

ProtonMail

ProtonMail သည် ၂၀၁၃ တွင်စတင်သော Switzerland (ဆွစ်ဇာလန်) အခြေစိုက် Mail ဝန်ဆောင်မှု တစ်ခု ဖြစ်ပြီး အသုံးပြုသူအချက်အလက်များကို" Swiss Privacy laws" နှင့်အညီ ကာကွယ်ပေးထားပါတယ်။ ProtonMail သည် လုံခြုံစိတ်ချရသော Mail ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ သာမန် Mailနှင့်မတူညီတာကတော့ ProtonMail သည် ပို့သူနှင့် လက်ခံသူ နှစ်ယောက်သာ သိနိုင်သည့် စကားဝှက်ခံနိုင်ခြင်း၊ end-to-end၊ Encryption ၊OpenSource ဖြစ်ခြင်း၊အခမဲ့အသုံးပြုနိုင်ခြင်း၊အသုံးပြုရ လွယ်ကူခြင်းတို့ကြောင့် လုံခြုံမှုအားကောင်းသော Mail ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

စတင်အသုံးပြုခြင်း

စတင်အသုံးပြုရန် ProtonMail ကိုမိမိ စက်ပစ္စည်းထဲသို့ထည့်သွင်းရန်လိုအပ်ပါတယ်။

မိမိဖုန်းထဲရှိ App store ကိုဖွင့်၍(သို့မဟုတ်) အောက်ဖော်ပြပါ လင့်မှတစ်ဆင့် ဒေါင်းလုဒ် ပြုလုပ်နိုင်ပါတယ်။

Android https://play.google.com/store/apps/details?id=ch.protonmail.android IOS https://apps.apple.com/us/app/protonmail-encrypted-email/id979659905

teahouse_article_image

Create Account အကောင့်သစ်ဖွင့်ခြင်း

Select your account type ( မိမိ အသုံးပြုလိုသည့် ပုံစံအားရွေးချယ်ခြင်း )

ProtonMail အနေဖြင့် အခမဲ့အသုံးပြုနိုင်သော ၀န်ဆောင်မှုတစ်ခုဖြစ်သလို အခကြေးငွေဖြင့်ဝယ်ယူပြီး လည်း အသုံးပြုနိုင်ပါတယ်။Basic အကောင့်ကိုရွေးချယ်၍ "Select" နှိပ်ပြီး Account သစ်စတင်ဖွင့်လှစ်နိုင်ပါ တယ်။ Username နေရာတွင်အသုံးပြုလိုသည့် နာမည်ရေးပေးရပါမယ်။ ပြီးနောက် protonmail.com (သို့မဟုတ်) protonmail.cn ဆိုပြီး မိမိအသုံးပြုလိုသည့် လိပ်စာကိုရွေးချယ်နိုင်ပါတယ်။ Username ထည့်သွင်းပြီးပါက စကားဝှက်အသစ် (New Password) ထည့်ပေးရန်လိုအပ်ပြီး အမှားအယွင်းမဖြစ်စေရန် နောက်တစ်ကြိမ် စကားဝှက်ရိုက်ထည့်ပေးရန်လိုအပ်ပါတယ်။ စကားဝှက်ထည့်သွင်းပြီးပါက "High Security" နှင့် "Extreme Security" ဆို၍ မိမိအဆင်ပြေသလို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ထို့နောက် အကောင့်သစ်ဖွင့် မည်ဖြစ်ကြောင်း မိမိ၏ကိုယ်တိုင်အတည်ပြုပေးဖို့လိုပါတယ်။ "Email Verification" (သို့မဟုတ်) "Phone Verification" ဆိုပြီး အဆင်ပြေသည့်နည်းလမ်းကို အသူံးပြုနိုင်ပါတယ်။ ရွေးချယ်‌သည့်နည်းလမ်းပေါ်မူတည်၍ One Time Password (OTP) ပေးပို့မည်ဖြစ်ပြီး ဂဏန်းခြောက်လုံးပါလျှို့ဝှက်ကုဒ်ကို ပြန်လည်ရိုက်ထည့်ပေး ရပါမည်။

အကောင့်သစ်ဖွင့်လှစ်ခြင်းအောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

teahouse_article_image
teahouse_article_image

ProtonMail တွင် အသုံးပြုသင့်သည့ End to End ဖြစ်စေသော Function များ

ProtonMail အကောင့်ရရှိပြီဆိုလျှင် mail စတင်ပို့လို့ရပါပြီ။သို့သော် ProtonMail စနစ်တွင်မိမိပို့လိုက် သောစာသည်လက်ခံသူဆီရောက်ရှိပြီးအချိန်မည်မျှအကြာတွင် စာများပျက်သွားမည်ကို သတ်မှတ်ထားလို့ ရပါတယ်။အောက်တွင်ပြထားသော သဲနာရီပုံ icon လေးကိုနှိပ်၍ အချိန်များရွေးချယ်၍ set လုပ်ပြီးသတ်မှတ် နိုင်ပါတယ်။

 

teahouse_article_image

ထို့အပြင် ProtonMail နှင့်ပို့သောစာများကို password ခံထား၍လည်းရပါသေးတယ်။ Password ကိုလက်ခံ သူကမသိပဲဖွင့်၍မရချေ။ Password ရိုက်နှိပ်သောအခါမမှားစေရန် နှစ်ခါရိုက်၍အတည်ပြုသောစနစ်လည်းပါ ဝင်ပါတယ်။အောက်တွင်ဖော်ပြထားသော သော့ခလောက်ပုံ icon လေးကိုနှိပ်၍ချိန်ညှိနိုင်ပါတယ်။

teahouse_article_image

သတိပြုရန်မှာ ProtonMail ကိုအသုံးပြု၍ protonmail အကောင့်မဟုတ်သောတခြားမေးလ်အကောင့် များကိုပို့သော မေးလ်များ၊စာများသည် မည်သို့ပင်ဆိုစေကာမူ ပို့သည့်နေ့မှစ၍ ၂၈ ရက်အကြာတွင်လုံးဝပျက် သွားမည်ဖြစ်သည်။ ProtonMail အကောင့်အချင်းချင်းပို့သောစာများသည် မပျက်ပဲကျန်ရှိမည်ဖြစ်သည်။