မိုဘိုင်းဖုန်းများ၏ လုံခြုံရေးအကြောင်း

မိုဘိုင်းဖုန်းလုံခြုံရေး ( တစ်ခွက် )
  1. ဘယ်လိုအလုပ်လုပ်သလဲ ဘာတွေပါဝင်သလဲ
    • တိုးတက်လာပုံနှင့် ဆင်ဆာ စနစ်များ / Software Vs Hardware / IMEI / Battery / Cameras / GPS / SIM / Wifi / Bluetooth
  2. ဘယ်လို အန္တရာယ်တွေရှိနိုင်မလဲ
    • Data loss ( Stolen or Hack or Back Door )
    • Malware / Virus / Spyware
    • Location reveal
  3. ဘယ်လို ကာကွယ်နိုင်မလဲ
    • ဖုန်းအမျိုးစား ဝယ်ရာတွင် သတိထားခြင်း
    • Location / GPS / Bluetooth / Wifi တို့အား မလိုအပ်လျှင် ပိတ်ထားခြင်း
    • Playstore / Appstore အစရှိသည့် Verified ဖြစ်သော နေရာများမှ App download ပြုလုပ်ခြင်း
  4. ဘာတွေ ဆက်လေ့လာသင့်သလဲ
    • Security in a box
    • MyShadow.org

MOBILE ဖုန်းတစ်လုံး၏ အလုပ်လုပ်ပုံအား အခြေခံအားဖြင့် ၄ ပိုင်းခွဲခြားကြည့်နိုင်ပါတယ်။

Smart

ဖုန်းတစ်လုံး၏ လုပ်ဆောင်ချက်များ ပိုမိုမြန်ဆန်တိကျလာစေသည့် အပိုင်းဖြစ်ပြီး ဆင်ဆာ စနစ်များပါဝင်သည် ။ ဥပမာအားဖြင့် စမတ်ဖုန်းတစ်လုံးသည် နေရောင်ထဲ ထွက်လိုက်ချိန်တွင် အလင်းအမှောင် အလိုုလိုချိန်ညှိပေးသည့် အလုပ်သည် ဆင်ဆာများမှတစ်ဆင့် အလင်းရောင်များနေကြောင်းကို သိသဖြင့် အလိုအ‌လျောက်မှောင်ပေးလိုက်ခြင်းဖြစ်သည်။

Core

ဖုန်းတစ်လုံးအနေဖြင့် ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ရန်နှင့် ဆော့ဝဲများ လည်ပတ်ရန်ပြုလုပ်ပေးသည့် အပိုင်းဖြစ်သည်။ ဥပမာအားဖြင့် ဖုန်းတွင်လိုအပ်သည့် ဘက်ထရီ ၊ ဖုန်းတာဝါတိုင်များနှင့် ဆက်သွယ်ပေးသည့် လှိုင်းလွှင့်သည့် စနစ်များ ၊ ဖုန်း၏ ဦးနှောက်ဟု ခေါ်ဆိုနိုင်သည့် CPU တို့ပါဝင်သည်။

Application

ဖုန်းတစ်လုံးတွင် အသုံးဝင်သည့် ပြက္ခဒိန် ၊ ကင်မရာ ၊ ဖုန်းမှတ်စုစာအုပ် ၊ အင်တာနက်အသုံးပြုနိုင်သည့် Browser အစရှိသည်တို့သည် Application များဖြစ်သည်။ အချို့ Apps များသည် အသစ်ထည့်သွင်းရပြီး အချို့သည် ဖုန်းတွင် မဖြစ်မနေလိုအပ်သည့်အတွက် ဖုန်း၏ စနစ်အတွင်း ပါဝင်ပြီးဖြစ်သည်။

Tracking and Connectivity

စမတ်ဖုန်းတစ်လုံးတွင် အခြားစက်စ္စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ အင်တာနက်အသုံးပြုရန် ၊ ဖိုင်များ ပေးပို့ရန် အစရှိသည်တို့အတွက် Wifi ဝိုင်ဖိုင် ၊ Bluetooth ဘလူးတုသ်၊ GPS အစရှိသည့် နည်းပညာများ ပါဝင်သည့်အပိုင်းဖြစ်သည်။ ဥပမာ သင့်အနေဖြင့် Wifi ချိတ်ဆက်အသုံးပြုဖူးသည့် နေရာတွင် နောက်တစ်ကြိမ်သွားရောက်ပါက စမတ်ဖုန်းအနေဖြင့် အလိုအလျောက် ထို Wifi ကွန်ရက်နှင့် ချိတ်ဆက်ပြီးဖြစ်နေလိမ့်မည်။ သင်၏ ဖုန်း Location ကို ဖွင့်ထားပါက သင် ည ၇ နာရီ ခန့်မှ မနက် ၇ နာရီခန့်အထိ ရှိသော နေရာအား သင့်အိမ်အဖြစ် ဖုန်း၏ မှတ်ဥာဏ်တွင် သတ်မှတ်ထားမည်ဖြစ်မည်။

ဘယ်လိုအန္တရာယ်တွေရှိနိင်သလဲ ( သို့ ) ဘာတွေသတိထားသင့်သလဲ။

ဒေတာများ ပျက်စီးခြင်း၊ခိုးယူခံရခြင်း။

စမတ်ဖုန်းတစ်လုံးတွင် မိမိ / အသုံးပြုသူ၏ ဒေတာ အချက်အလက်များသည် အရေးအကြီးဆုံးဖြစ်သည်။ စမတ်ဖုန်းအတွင်းရှိ ဓာတ်ပုံများ ၊ ဖုန်းနံပါတ်များ ၊ မှတ်စုများ ၊ ဗီဒီယိုများ ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများအားလုံး သည် အရေးကြီးသောဒေတာများဖြစ်သည်။

ထိုဒေတာများသည် ဖုန်းအခိုးခံရခြင်း ၊ ဟက်ခ်လုပ်ခြင်းခံရခြင်း ၊ ဖုန်းကုမ္ပဏီများအနေဖြင့် နောက်ကွယ်မှ ခိုးယူခြင်း ၊ နောက်ယောင်ခံသော Applcation များ သွင်းထားမိခြင်း ၊ Application အတုများမှ ဒေတာများခိုးယူ ခံရခြင်း အစရှိသည့် နည်းအမျိုးမျိုးဖြင့် ပျက်စီးဆုံးရှုံးနိုင်ပါတယ်။

နောက်ယောင်ခံခြင်းနှင့် ထောက်လှမ်းခံရခြင်း

စမတ်ဖုန်းတစ်လုံး၏ ဖွဲ့စည်းပုံတွင် နောက်ယောင်ခံနိုင်သည့် စနစ်များစွာ ပါဝင်ပြီးဖြစ်ပါတယ်။ ဥပမာ စမတ်ဖုန်းတစ်လုံး၏ Wifi စနစ်မှ တစ်ဆင့် မိမိဖုန်းတွင်အသုံးပြုသော ကွန်ရက်များ ၊ မိမိစက်ပစ္စည်း၏ မော်ဒယ်အမျိုးအစားနှင့် အခြားသော အင်တာနက် အသုံးပြုမှုမှတ်တမ်းများကို တစ်ပါးသူမှ ချိုးဖောက်နိုင်သည်။

ထို့အပြင် စမတ်ဖုန်းတစ်လုံးတွင် GPS / Location ၊ အပူချိန်နှင့် အလင်းရောင် အာရုံခံစနစ် ၊ မျက်နှာများအား မှတ်မိသည့် ကင်မရာ စနစ် အစရှိသည်တို့မှလည်း မိမိ တည်နေရာ ၊ သွင်ပြင်လက္ခဏာ နှင့် ရောက်ရှိနေသော ရာသီဥတုတိုအား သိရှိနိုင်မည်ဖြစ်သည် ။

ထို့ကြောင့် ထို စနစ်များအား တစ်ပါးသူမှ ထိန်းချုပ်၍သော်လည်းကောင်း ၊ မိမိ အသုံးပြုသော ဖုန်းအမျိုးအစားတစ်ခုခု၏ လုံခြုံရေးကျိုးပေါက်ခြင်း / ချိုးဖောက်ခြင်းမှသော်လည်းကောင်း အသုံးပြုသူများအပေါ် လုံခြုံရေးအရ များစွာအကျိုးသက်ရောက်မည် ဖြစ်ကြောင်းကို သတိပြုရန် လိုအပ်ပါတယ်။

ဘယ်လို ကာကွယ်မှုများ ပြုလုပ်နိုင်မလဲ

ဖုန်းအမျိုးစား ရွေးချယ်ခြင်း

မိမိ အနေဖြင့် မော်ဒယ်နိမ့်သော ထုတ်လုပ်သည့်ခုနှစ်စောသော ( ဤနေရာတွင်ဈေးကြီးခြင်း / နောက်ဆုံးပေါ်ဖြစ်ခြင်းကိုမဆိုလိုပါ) ဖုန်းအမျိုးအစားများကို ဝယ်ယူပါက နောက်ဆုံးထွက်ရှိသော Operation System စနစ်များကို ထည့်သွင်းရာတွင်အခက်အခဲရှိနိုင်ပါတယ်။ ရလဒ်အနေဖြင့် နောက်ဆုံးအသစ်ထွက်သော လုံခြုံရေး စနစ်များကို ထည့်သွင်းအသုံးပြုနိုင်မည်မဟုတ်ပါ။ ဥပမာ 2017 ခန့်မှ နောက်ပိုင်း ဖုန်းအများစုတွင် ဝှက်စာစနစ် Encryption စနစ်သည် မဖြစ်မနေပါဝင်လာပြီဖြစ်သည်။ သင့်အနေဖြင့် 2012 ခန့်မှ ဖုန်းအားအသုံးပြုမည်ဆိုပါက နောက်ဆုံးလုံခြုံရေးစနစ်အား ရရှိနိုင်မည်မဟုတ်ပါ ။ သတိပြုရန် ။ မိမိဖုန်းဝယ်ရာတွင်ဖုန်းဆိုင်မှ ဝန်ထမ်းများအပေါ် အလွန်ကျွံမှီခိုခြင်းသည်လည်း လုံခြုံရေး ကျိုးပေါက်မှုဖြစ်နိုင်ပါတယ်။ မိမိ သတိမထားမိသည့် ခြေရာခံစနစ်တစ်ခုအား မိမိ ဖုန်းအတွင်းသို့ ထည့်သွင်း မှုမျိုးကြုံတွေ့နိုင်သည်။

မလိုအပ်သော ခြေရာခံစနစ်များအား ပိတ်ထားခြင်း

မိမိအနေဖြင့် မလိုအပ်ပါက Wifi , Location , GPS , Bluetooth အစရှိတယ်တို့ကို ဖုန်း၏ Setting တွင် လွယ်ကူစွာ ပိတ်ထားနိုင်ပါတယ်။ ထိုသို့ပိတ်ထားခြင်းဖြင့် အခြားအနီးနားမှ Hacker များမှ မိမိ ဖုန်းအား တိုက်ခိုက်နိုင်သည့် လမ်းကြောင်းများအား ပိတ်ထားပြီးဖြစ်မည်ဖြစ်တယ်။

မိမိ မသိသော ( သို့ ) အသုံးပြုရန် မလိုအပ်တော့သော Application များအား ရှင်းထုတ်ခြင်း

အချို့သော Application များသည် မိမိ ဖုန်းအားဒုက္ခပေးရန် ဝင်ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် အသုံးမဝင်သော (သို့ ) မိမိ နားမလည်သော Application များအား ရှင်းထုတ်ပစ်ရန် ဝန်မလေးနေသင့်ပါ။ တစ်ခါတစ်ရံ မိမိဖုန်းဘေလ်များမိမိမသုံးပဲကုန်သွားခြင်းသည် ထို Application များမှ အသုံးပြုသူ၏ ဒေတာများအား ခိုးယူသွားပြီးအခြားတစ်ဖက်ရှိ ဆာဗာထဲသို့လှမ်းပို့လိုက်ခြင်းကြောင့်အင်တာနက်ဒေတာများစွာ ကုန်ကျပြီး ဘေလ်ကုန်သွားခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် မိမိ ဖုန်းအတွင်းရှိ Application များကို Download ရယူရာတွင် စိတ်ချရသော Playstore / Appstore မှသာ ရယူသင့်ပြီ Review တွင်း အခြားအသုံးပြုသူများ၏ မှတ်ချက်များကို သတိပြုဖတ်ရှုပြီးမှ Download ပြုလုပ်သင့်သည်။ (သို့သော် တစ်ခါတစ်ရံတွင် Playstore ၌ မြန်မာနိုင်ငံအနေဖြင့် Download မပြုလုပ်နိုင်သည့်အတွက် အခြားမှတစ်ဆင့် ရယူရသည်မျိုးလည်း ရှိနိုင်ပါတယ်။

စမတ်ဖုန်းအား Screenlock ထားခြင်း

စမတ်ဖုန်းတစ်လုံးတွင် Screenlock သည် အရေးကြီးပါသည်။ အကယ်၍ မိမိအနေဖြင့် ဖုန်းပျောက်သွားခြင်း (သို့) အခြားသူတစ်ဦးမှ မိမိသဘောမတူပဲ ဝင်ရောက်အသုံးပြုရန်ကြိုးစားပါက စကားဝှက်သိမှသာ ကာကွယ်နိုင်မည်ဖြစ်သည်။ မိမိ၏မျက်နှာ ၊ လက်ဗွေရာတို့နှင့်လည်း Screenlock ထားနိုင်သည် (သို့သော်) Passwordဟု ခေါ်သော စကားလုံးများ ၊ ဂဏန်းများ ၊ သင်္ကေတပါဝင်သော စကားဝှက်သည် အလုံခြုံဆုံးဖြစ်သည်။ ယခုနောက်ပိုင်းဖုန်းများတွင် Screenlock ထားထားပါက ဖုန်းထဲရှိ ဒေတာများသည် အလိုလျှောက် Encrypt ဖြစ်သွားမည်ဖြစ်ပြီး အခြားသူတစ်ဦးသည် မိမိ password အားမသိပါက မည်သည့်ဒေတာကိုမျှအလွယ်တစ်ကူရယူနိုင်တော့မည်မဟုတ်ပါ။

အထက်ပါ အချက်များသည် မိမိ ဖုန်းတစ်လုံးအား တတ်နိုင်သမျှ လုံခြုံစေရန် အလွယ်တကူလုပ်ဆောင်နိုင်သော အလေ့အထကောင်းများဖြစ်ပြီး သင့်အနေဖြင့်လည်း အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတများကို ယခုဝက်ဘ်ဆိုက်တွင် ဆက်လက်လေ့လာနိုင်ပါသေးတယ်။