မိမိဖုန်းကိုသော့ခတ်ကြမယ်

မိုဘိုင်းဖုန်းလုံခြုံရေး ( တစ်ခွက် )

သင်တို့ ရဲ့ဖုန်းတွေကို lock မချပဲသုံးနေကြတုန်းပဲလား။

သင်တို့ရဲ့ဖုန်းထဲမှာ သင်တို့၏ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊အွန်လိုင်းဘဏ်တွေ အရေးကြီးတဲ့ ဆက်သွယ်မှုတွေ အလုပ်နှင့်ဆိုင်သော ဆက်သွယ်မှုတွေရှိနေပြီး သင်၏ဖုန်းကို Screen Lock မထားပဲသုံးနေတယ်ဆိုရင်တော့ မသမာသူတွေက အလွယ်တကူဝင်ရောက်ကာ သင်၏အချက်အလက်တွေ ကိုမကောင်းတဲ့နေရာမှာ အသုံးချခံရနိုင်တယ်နော်။

ထို့အတွက်ကြောင့် တို့တွေရဲ့ ဒီဂျစ်တယ်လက်ဘက်ရည်ဆိုင်ကနေ ဖုန်း screen lock ဘယ်လိုထားရမလဲဆိုတာ နဲ့ပတ်သတ်ပြီးပြောပြပေးသွားပါမယ်။

သင်တို့ ဖုန်းမှ setting ကိုရှာပါ။ - Setting ထဲမှ Lock screen or Lock Screen and Security ကိုနှိပ်ပါ။

teahouse_article_image
teahouse_article_image

Screen Lock or Screen Lock Type ကိုနှိပ်ပါ။

Swipe , Pattern, PIN, Password, Face ID , Finger print ,None အစရှိတဲ့ screen Lock ထားနည်းအမျိုးမျိုးကိုတွေ့ရပါမယ်။

  • Swipe ကတော့ ဘေး သို့ အပေါ်ကို ပွတ်လိုက်ခြင်းဖြင့် ဖုန်းကိုဖွင့်တာပဲဖြစ်လို့ မလုံခြုံပါဘူး
  • Pattern ဆိုတာ မိမိကြိုက်နှစ်သက်တဲ့ပုံစံ ဆွဲ၍သတ်မှတ်ခြင်း

    teahouse_article_image

  • PIN ဆိုတာမိမိကြိုက်နှစ်သက်ရာ ဂဏန်းများကိုသတ်မှတ်ထားတဲ့အရေအတွက်အတိုင်းထားရှိခြင်း

    teahouse_article_image

  • Password ဆိုတာ မိမိကြိုက်နှစ်သက်ရာ ဝေါဟာရများ ကိန်းဂဏန်းများ အထူးသကေ်တများ ရောနှောထားရှိ နိုင်သည်။

    teahouse_article_image

  • Face ID ဆိုတာ အသုံးပြုသူ၏မျက်နှာဖြင့်သတ်မှတ်ထားခြင်း။
  • Fingerprint ဆိုတာ အသုံးပြုသူ၏လက်ဗွေရာကို သတ်မှတ်ခြင်းတို့ဖြစ်သည်။
  • None ဆိုတာကတော့ မည့်သည့် screen lock မှ မထားရှိခြင်းဖြစ်သည်။

Pattern, PIN, Password Screen lock တွေဆို နှစ်ခါရိုက်ရမယ်နော်။ အရေးကြီးဆုံးကတော့ ကိုယ်သတ်မှတ်ထားခဲ့တဲ့ Screen Lock Password , PIN , Pattern တွေကို လုံးဝ လုံးဝ မမေ့ဖို့ပါပဲ။