( )

What is Open Source?
Open Source ဆိုတာဘာလဲ?
Open Source ဆိုတာကတော့ မည်သူမဆို အသုံးပြုနိုင်သော၊မျှဝေနိုင်သော၊ပြုပြင်နိုင်သော ကိုဆိုလိုပါသည်။ Open Source ဆိုတဲ့ စကားလုံးရဲ့ မူလဇစ်မြစ်ကတော့ software ဖန်တီးသူတွေ၊ ကွန်ပျူတာ Program ရေးသားခြင်း တို့ကနေဆင်းသက်လာခြင်းဖြစ်ပါသည်။Program သို့မဟုတ် Softwareရေးသားရာတွင် မည်သူမဆိုအသုံးပြုနိုင်သော ပြုပြင်နိုင်သော မျှဝေနိုင်သော Code များကို Open Source Codes လို့ခေါ်ဝေါ်ကြပါသည်။
Open source software
Source code ဆိုတာကတော့ ရိုးရိုးအသုံးပြုသူတွေ မတွေ့နိုင်သော Software ဖန်တီးရာတွင်အသုံးပြုသော code များဆိုဆိုလိုခြင်းဖြစ်သည်။ Open source software ဆိုသည်မှာ မည်သူမဆိုအသုံးပြုနိုင်သော Code များဖြင့်ဖန်တီးပြုလုပ်ထားသော software ကိုဆိုလိုပါသည်။ Software ထဲတွင်ရေးသားထားသည့် Code များကို မည်သူမဆို ၀င်ရောက်ကြည့် ရှုပြီး အသုံးပြုနိုင်ပါသည်။ဥပမာအားဖြင့် တံခါးပေါက်ဖွင့်ထားသော အဆောက်အအုံတစ်ခု လိုမျိုး မည်သူမဆို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး အသုံးပြုနိုင်သော အရာဖြစ်ပါသည်။ မျှဝေရာတွင်လည်း မည့်သည့်ကန့်သတ်ချက် မျှမရှိပဲ မျှဝေနိုင်ပါသည်။ Open Source software များအသုံးပြုခြင်းအားဖြင့် မိမိ အသုံးပြုနေသော software များ လုံခြုံမှု ရှိမရှိ မိမိ ကိုယ်တိုင် ကြည့်နိုင်ပါသည်။ မိမိကိုယ်တိုင်ပြန်ပြင်ပြီး အသုံးပြုနိုင်ပါသည်။