( နှစ်ခွက် )

အကောင့်တွေအများကြီးသုံးပြီး password တွေမေ့နေပြီလား။
မသုံးဖြစ်တဲ့ Facebook အကောင့်တွေကို password မေ့နေလို့ဆိုပြီးမသုံးပဲပြစ်ထားမိိရင် မသမာသူတ္ငေ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေမကောင်းတဲ့နေရာတွေမှာအသုံးချနေတာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် လက်ရှိအသုံးပြုနေတဲ့ အကောင့်ကိုတစ်စုံတစ်ယောက်က Hacking လုပ်ထားပြီး password ပြောင်းသွားလို့ဝင်မရတော့ပဲ password အသစ်တစ်ခုပြန်ထည့်ရတော့မယ်ဆို ခုပြောပြမယ့်နည်းတွေအတိုင်း password recovery လုပ်လို့ရပါတယ်။

Phone number or Email address ဆိုတဲ့နေရာမှာ သင် facebook account ဖွင့်တုန်းက အသုံးပြုခဲ့သော ဖုန်းနံပါတ် သို့ အီမေးလ်၊ဂျီမေးလ် ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် Forget Password ကိုနှိပ်ပါ။

သင်၏အကောင့်ကိုစစ်ဆေးရွေးချယ်ပါ။ ဖုန်းနံပါတ် သို့ အီးမေးလ်၊ဂျီမေးလ် ပြန်ရိုက်ထည့်ပါ။
ထိုအခါ facebook မှ Gmail or မိမိအကောင့်ဖ္ငင့်ခဲ့သော ph no ကို code number တစ်ခုပို့ပေးပါလိမ့်မည်။ ထို code no ကိုပြန်ရိုက်ထည့်ကာ password အသစ်ရိုက်ထည့်ကာ မိမိ၏ facebook password ကို reset လုပ်ကာပြန်လည်ရယူနိုင်ပါတယ်။
