ဒစ််ဂျစ်တယ် အရိပ်များ တစ်ကောက်ကောက်

Browser လုံခြုံရေး ( နှစ်ခွက် )

What is Data Shadow

ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေ ၊ မိုဘိုင်းဖုန်းတွေ ၊ နဲ့ အခြား အခြားသော ဒစ်ဂျစ်တယ် ပစ္စည်းတွေ မှ တစ်ဆင့် ရာနဲ့ချီတဲ့ခြေရာလက်ရာတွေ (တစ်နည်းအားဖြင့်ဒစ်ဂျစ်တယ်သဲလွန်စတွေ) ကို နေ့စဉ်ချန် ထားခဲ့ကြပါတယ်။ ကျွန်တော်တို့ရှာဖွေစုစောင်းခဲ့တဲ့ဖန်တီးခဲ့တဲ့ သတင်းအချက်အလက်တွေ လိုပေါ့။

အဲဒီ ဒစ်ဂျစ်တယ် သဲလွန်စတွေ အားလုံးကို စုပေါင်းလိုက်တဲ့အခါမှာ တော့ ကျွန်တော်တို့ အကြောင်း တွေဖြစ်လာပြီး ထိုမှတစ်ဆင့် ကျွန်တော်တို့ ရဲ့ဒစ်ဂျစ်တယ်အရိပ်တွေ ဖြစ်ပေါ်လာပါတယ်။ ထိုအရာတွေမှတစ်ဆင့် ကျွန်တော်တို့အကြောင်းကို အတွင်းကျကျသိရှိလာနိုင်ပါတယ်။ ထိုအချက် အလက်တွေမှတစ်ဆင့် သိရှိလာတဲ့ အကြောင်းအရာတွေဟာ မှားယွင်းကောင်းမှားယွင်းနေနိုင်ပေမယ့် ကျွန်တော်တို့အနေနဲ့ ထိုသဲလွန်စတွေကို ချန်ထားခဲ့မိပြီ ဆိုလျင် ဒစ်ဂျစ်တယ်လောကမှာ အဲဒီ အချက်အလက်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒစ်ဂျစ်တယ်သဲလွန်စတွေကို ကျွန်တော်တို့ဘယ်လို ချန်ထားခဲ့သလည်းဆိုတာ နားလည်နိုင်ဖို့ရာ ပထမဆုံး ကျွန်တော်တို့ရဲ့ပြင်ပလောကမှာ ခြေရာလက်ရာတွေ သဲလွန်စ တွေဘယ်လိုချန်ထားခဲ့ သလည်း ပြန်လည်စဉ်းစားကြည့်ကြရအောင်...

ပြင်ပလောက မှာ အချို့သောသဲလွန်စ တွေ ခြေရာလက်ရာတွေ (ဥပမာ - လျှောက်လမ်း ပေါ်က ခြေရာများ ၊ ပရိဘောဂတွေ ပေါ်က ဆံပင် များ၊ သဲသောင်ပြင်ပေါ်က ခြေရာများ) စတဲ့မြင်နိုင်သော အရာတွေ လက်ဗွေရာ လိုမျိုး မမြင်ရတဲ့ သဲလွန်စတွေ ကို မရည်ရွယ်ပဲချန်ထားခဲ့မိတာတွေ ဖြစ်နိုင်ပါတယ်။အချို့သော အရာတွေ ( လက်ရေးမူများ၊ ဖောင်တွေဖြည့်တင်းရာမှာထားခဲ့တဲ့ ကိုယ်ရေးအချက်အလက်များ) စတဲ့ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့တဲ့သဲလွန်စများ လည်း ရှိနိုင်ပါတယ်။ ထိုအရာတွေ က ကျွန်တော်တို့အကြောင်းအသေးစိတ် ကို တစ်နည်းနည်းနဲ့ ဖော်ပြနေမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် သဲလွန်စများ၊ ခြေရာ များဟာလည်း သဘောတရားခြင်းအတူတူပါပဲ။ ဒါပေမယ့် ပြင်ပလောက ကထက် ဒစ်ဂျစ်တယ်လောက မှာတော့ ပိုမိုများပြားတဲ့ ခြေရာလက်ရာတွေကို နေ့စဉ်ချန်ထားခဲ့မိကြပါတယ်။ အပြင်မှာလို ပဲ အချို့သောခြေရာလက်ရာတွေ ဟာ ရည်ရွယ်ချက်ရှိရှိ၊ ထင်သာမြင်သာ ချန်ထားခဲ့တာမျိုး (ဥပမာ - အီးမေးလ်များ၊ စာတိုများ၊ ဓါတ်ပုံများ၊ လူမှုကွန်ယက်စာ မျက်နှာပေါ်က ပို့စ်များလိုပေါ့။ ဒါပေမယ့် သဲလွန်စအများစု ဟာ မြင်ရလေ့မရှိသလို၊ ကျွန်တော်တို့ အနေနဲ့ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့ကြတာလည်းမဟုတ်ပါဘူး။ (ဥပမာ - ဝင်ရောက်ခဲ့တဲ့ဝက်ဘ်ဆိုဒ် များ၊ အွန်လိုင်းပေါ်မှာရှာဖွေခဲ့မှုများ၊ ဖုန်းခေါ်ဆိုမှုများ လိုပေါ့) ။ ထိုအရာများကို ဒစ်ဂျစ်တယ်အရိပ်လို့ ခေါ်ဆိုပါတယ်။

ထိုကြောင့် မိမိနေ့စဉ်အသုံးပြုနေသော ဒစ်ဂျစ်တယ်စာမျက်နှာများ ဝန်ဆောင်မှုများတွင် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တတ်နိုင်သမျှမချန်ခဲ့မိရလေအောင် သတိထားသင့်ပါတယ်။ ထိုအရာများမှတစ်ဆင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဘ၀ရဲ့ဘယ်သူတစ်ဦးတစ်ယောက် မှ မသိဘူးလို့ယူဆထားတဲ့ အသေးစိတ်အချက်အလက်များ အထိ ကို ထိုးဖောက်သိရှိ နိုင်သောကြောင့်ဖြစ်ပါတယ်။