ဒစ်ဂျစ်တယ် ငါးမျှားချိတ်များအား ရှောင်ရှားခြင်း ( Phishing )

အထွေထွေဆောင်းပါး ( သုံးခွက် )

What is Phishing and How to Prevent Phishing

Phishing ဆိုသည်မှာ ယုံကြည်ရသောအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ယုံကြည်လောက်ဖွယ်အကြောင်းအရာ များပါသောလင့်ခ်များပို့၍ ထိုလင့်ခ်များကို၀င်လိုက်လျှင်မိမိ၏ ser name, password ,Bank acc ,card number စသောအချက်အလက်များကိုတောင်းတာကိုတွေ့ရသည်။ ထိုနေရာများတွင် မိမိ၏ user name နှင့် password, Bank acc ,card number များရိုက်ထည့်လိိုက်မိတာနှင့် မိမိ၏အကောင့် မိမိ၏ Data များနှင့် Bank acc number ,card number များပါထည့်မိလျှင် မိမိ Bank Acc ထဲရှိ ငွေကြေးများပါဆုံးရှုူံးရမည် ဖြစ်ပါတယ်။

သတိပြုရန်မှာ Phishing link များသည် မိမိတို့သိထားသော၊ယုံကြည်ရသောWebsite၊အဖွဲ့စည်းများဟန်ဆောင် ထားသော ပုံစံတူ website address များနှင့်ပို့တတ်သောကြောင့် webiste link, website URL များကို သေသေချာချာစစ်ဆေးပြီးမှ ဖြည့်စွက်သင့်ပါတယ်။

ကာကွယ််နိုင်သောနည်းလမ်းများ

Phishing နည်းပညာကိုအသုံးပြုသော လိမ်စဉ်များကို အမြဲမပြုသတိပြုလေ့လာ‌နေခြင်း။

Phishing နည်းစနစ်များသည်ပုံစံအမျိုးမျိူးကိုအမြဲအသစ်ထီထွင်နေကြသောကြောင့် ထိုသို့သော နည်းပညာအသစ်တွေရဲ့ လှည့်ကွက်တွေကိုခံရမိသည့်အထဲမိမိမပါမိရလေအောင်သတိထားလေ့လာနေသင့် ပါတယ်။အိုင်တီစီမံခန့်ခွဲသူများအတွက်လည်းလုံခြုံရေးအသိအမြင်မြှင့်တင်ရေးသင်တန်းများတတ်၍အသုံးပြုသူ များကိုပြန်လည်မျှ‌‌ဝေခြင်းများပြုလုပ်ပေးသင့်ပါတယ်။

ကလစ် (Click) မနှိပ်ခင်စဉ်းစားရန်။

သင်ယုံကြည်ရသောပုံမှန်အသုံးပြုနေသော Website များတွင်မြင်ရသော Link များပါတယ်ပြသနာ မရှိလှသော်လည်း ကျပန်း၀င်‌ရောက်လာသောအီးမေးလ်နှင့် မတ်စေ့ချ်များတွင်အမည်မသိဝင်လာတတ်သော လင့်ခ်များကိုမစဉ်းစားပဲနှိပ်မိခြင်းသည်အန္တရာယ်များလှပါတယ်။ ထိုလင့်များသည် တရားဝင်ကုမ္ပဏီများအနေ ဟန်ဆောင်ကာပို့တတ်ပီး ၀င်ရောက်ကြည့်သောအခါတွင်လည်း တရာဝင်ကုမ္ပဏီများ၏ မေးလ်လိပ်စာ သို့မဟုတ် URLs များနှင့် ဆင်ဆင်တူအောင်ပြုလုပ်ထား‌သောကြောင့် သေသေချာချာမစစ်ဆေးမိလျှင် အလွယ်တကူသတိထားမိမည်မဟုတ်ပေ။ထိုလင့်ခ်များတွင် မိမိ၏ account, password နှင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုအလွယ်တကူမထည့်သင့်ပေ။ထိုုကြောင့် သံသယရှိပီဆိုလျှင်ထိုသို့အန္တရာယ်ရှိသော Link များကို မနှိပ်ခင် မူရင်းပေ့ချ်များသို့သွားရောက်၍စစ်ဆေးသင့်ပါတယ်။

သင့်၏အွန်လိုင်းအကောင့်များကိုပုံမှန်စစ်ဆေးရန်။

သင်ဖွင့်ထားပြီးမသုံးဖြစ်တဲ့ account များကိုပုံမှန်မစစ်ဆေးဘူးဆိုလျှင် မသမာသူများကသင်၏ accountကို အေးအေးဆေးဆေးခြယ်လှယ်အသုံးပြုနေမှာ အမှန်ပင်ဖြစ်ပါတယ်။နည်းပညာတွေပတ်သတ်ပြီး စနစ်တကျမစစ်နိုင်ရင်တောင်ပုံမှန်စစ်ဆေးမှုများလုပ်သင့်ပါတယ်။အထူးသဖြင့်မိမိအကောင့်ကိုပုံမှန် password ချိန်းပေးတာအကောင်းဆုံးဖြစ်ပါတယ်။ သင့်၏ Bank account နှင့် credit card များ Phishing မမိစေရန်သင် ၏ banks statement များကို သင်ကိုယ်တိုင်မှန်မှန်စစ်ဆေးသင့်ပါတယ်။ အရေးကြီးဆုံးကတော့ မိမိအကောင့် များကိုတူညီသော password များမထားသင့်ပါ။

မိမိ၏ browsing software များကို အမြဲ update လုပ်ရန်။

လူသုံးများသော browser များအတွက်လုံခြုံရေးမြှင့်တင််မှုများသည်အမြဲတမ်းဖြန့်ချီလျှက်ရှိပါတယ်။ မိမိသုံးနေသော laptop နှင့် mobile phone များတွင် browser update လုပ်ရန်တတ်လာသောသတိပေးချက် များကို Notification off ထားခြင်း သို့မဟုတ် ရပ်ထားမိလျှင်တော့ update လုပ်ရန်သတိထားမိမည်မဟုတ်ပါ။

မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလွယ်တကူထုတ်ဖော်ရေးသားခြင်းမပြုမိရန်။

မိမိ၏ကိုယ်ရေးကိုယ်တာ သို့မဟုတ် ငွေရေးကြေးရေးအရအရေးကြီးသော အချက်အလက်များကို အွန်လိုင်းပေါ်တွင်အမှတ်တမဲ့ဖော်ထုတ်ပြသခြင်းမပြုမိစေရန်သတိပြုရမည်ဖြစ်ပါတယ်။မိမိ၏ငွေကြေးဆိုင်ရာ အကောင့်များနံပါတ်များကို တရား၀င်မဟုတ်သော page များမှ link များတွင်မရိုက်ထည့်မိစေရန် အရေးကြီး ပါတယ်။အကယ်၍သံသယရှိပြီဆိုလျှင်တရား၀င် Page များကိုစစ်ဆေးမေးမြန်းခြင်း၊ဖုန်းခေါ်ဆိုခြင်းများပြုလုပ် သင့်ပါတယ်။မိမိ၏ထိန်းသင့်ထားသင့်သော အရေးကြီးအချက်အလက်များကို မည်သူကိုမှမပြောသင့်ပါ။

နောက်ဆက်တွဲဖတ်ရှုရန်များ -
What is Hacking , Communication Security , Password , Wifi and Security , ဒစ်ဂျစ်တယ်လုံခြုံရေးအလေ့အထများ