ခုန်ပျံကျော်လွှား VPN များ

( )

Virtual Private Networkထိုအခါ ထို post များကို Add to timeline ရွေးချယ်၍ Timeline ပေါ်တွင်ထားမည်မထားမည်ကိုရွေးချယ်နိုင်ပါတယ်။

What is VPN?

VPN ဆိုတာ Virtual Private Network ရဲ့အတိုကောက်ဖြစ်ပါသည်။လူတော်တော်များများ VPN ကိုရင်းနှီးသော်လည်း VPN ဘယ်လိုအလုပ်လုပ်လဲမသိကြပါဘူး။ Virtual Private Network သည် လုံခြုံသော သီးသန့် Network ကိုဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ App Store တွေ Website တွေမှာ "This item isn't available in your country" ဆိုတာမျိုး မြင်တွေ့ဖူးကြမှာပါ။

teahouse_article_image

ဤနေရာတွင် ကျွန်တော်တို့သည် VPN ကျော်ပြီး ဒေါင်းလုတ်လုပ်ကြရပါတယ်။

VPN အသုံးပြုလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ အသုံးပြုနေတဲ့ စက်ပစ္စည်းရဲ့ IP Address ကိုပြောင်းလဲကာ ဒေတာများကို Encrypt ပြုလုပ်ပေးခြင်းဖြစ်သည်။ VPN ထဲတွင်ရှိသော ကျွန်တော်တို့ အသုံးပြုသည့် ဒေတာများကို

အခြားပြင်ပမှလည်း မသိရှိနိုင်သလို ကြည့်ရှု၍လည်းမရနိုင်ပါ။

teahouse_article_image

အဘယ်ကြောင့်ဆိုသော် Encryption ပြုလုပ်ထားသောကြောင့်ဖြစ်ပါသည်။ VPN အသုံးပြုသည့်အချိန်တွင် သုံးစွဲသော Service Provider များပါ ကျွန်တော်တို့၏ဒေတာများကို မသိရှိနိုင်ပါ။ကျွန်တော်တို့၏ ပင်မ အင်တာနက်လိပ်စာ IP address မသိရှိနိုင်သောကြောင့် Hacker များ နောက်ယောင်ခံလိုက်သူ များထံမှ လည်းကာကွယ်နိုင်ပါသည်။

 

VPN အသုံးပြုလိုက်ခြင်းအားဖြင့် သင့်ဒေတာကို အခြားသူမမြင်နိုင်အောင် ကာကွယ်ပေးနိုင်ပေမဲ့ VPN service Provider တွေမှာ သင့်ဒေတာများ ကျန်ရှိနေမှာဖြစ်ပါတယ်။ VPN သုံးလိုက်ခြင်းအားဖြင့် သင့်ကို အလုံးစုံ မည်သူမှ မသိနိုင်‌တာတော့မဟုတ်ပါ။ ထို့ကြောင့် လုံခြုံစိတ်ချရသော VPN Service Provider ကိုသာရွေးချယ်အသုံးပြုရန်လိုအပ်ပါသည်။

ဥပမာ- Expressvpn , Strong VPN , TunnelBear

ဖြစ်စဥ် ၁
ကောင်းကောင်းသည် ဂိမ်းဆိုင်သို့ သွားလိုသည် ။
သို့သော် ကောင်းကောင်း၏ ဦးလေးသည် ခွင့်မပြုပဲ အိမ်တံခါးပိတ်ထားသည်။
ထိုအခါကောင်းကောင်းသည် သူ့သူငယ်ချင်းအားလာခေါ်ခိုင်း၍ သူငယ်ချင်းအိမ်တွင် သချ်ာ အတူသွားတွက် ကြမည်ဟု ဦးလေးအား လိမ်၍ အိမ်မှ ထွက်ရန်ကြိုးစားသည်။
ထို့ကြောင် အိမ်မှ ထွက်ခွင့်ရသွားသည်။ ထို့နောက် သူငယ်ချင်းအိမ်မှ တစ်ဆင့် ဂိမ်းဆိုင်သို့ သွားကာ ဂိမ်းဆော့ကြသည်။
အိမ်မှ အမေသည် သူငယ်ချင်းအိမ်တွင်ရှိနေမည်ဟုသာ သိနေမည်ဖြစ်သော်လည်း ကောင်းကောင်းသည် ဂိမ်းဆိုင်သို့ ရောက်နေပြီဖြစ်သည်။
အထက်ပါဖြစ်စဥ်တွင် ဦးလေး သည် မိမိသွားလိုသော Website မှ တားမြစ်သောသက်ဆိုင်ရာအစိုးရ ၊အဖွဲ့အစည်း ဖြစ်သည်။ဂိမ်းဆိုင်သည် မိမိသွားလိုသော website ဖြစ်သည်။ ကောင်းကောင်းသည် အသုံးပြုသူဖြစ်သည်။သူငယ်ချင်းအိမ်သည် VPN ဖြစ်သည်ဟု ယေဘူယျအားဖြင့် ယူဆနိုင်မည်ဖြစ်သည်။